Tuesday, September 8, 2009

ကောင်းချီးတရား

စာမိတ်ဆွေ
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလက နေ့ များမှ ကျနော်တို့က ဒုက္ခသည်စခန်းလေးတခုထဲကနေ တ နေ့တနေ့ ရေဒီယိုလေးနားပဲကပ်ပြီး ဘာဖြစ်မလဲ ဘာဖြစ်မ လဲနဲ့ ရင်ဖိုသည်းထိတ် နေကြရတာလေ။ သံဃာတော်အရှင် သူမြတ်များရဲ့ မဟာဂရုဏာတရားကြီးမားပုံကိုလဲ အံ့ချီးဘ နန်းဖြစ်ပြီး ကြည်ညိုသဒ္ဓါ ပွားလို့ပေါ့။

ရန်ကုန်မိုးထဲလေထဲမှာ သံဃာတော်တွေက ထီးမမိုး ဖိနပ်မပါဘဲ ဒါယကာ ဒါယိကာမတွေ ပြည်သူ ပြည်သားတွေ ဆင်းရဲနွံ့တွင်းက သက်သာရာရဖို့ မေတ္တာဘာဝနာတွေ ရွတ်ပွားပြီး ဆုတောင်းချီ တက်ပွဲတွေ လုပ်သတဲ့။ အာဏာပိုင်လက်ပါးစေတွေက ပါးကွပ်သားတွေလို စိန်းစိန်းကြီးကြည့်နေတဲ့ မျက်စေ့အောက်မှာတဲ့။ အသက်အန္တရာယ်တွေ များပါဘိနဲ့နော်။

ကျနော်က သာသနာတော်ကြီး သံဃာတော်ထုကြီးရဲ့မေတ္တာစေတနာကို အဲဒီလိုကြားနေရတော့ မျက် ရည်များပင် သီမိပြီး ဒီကဗျာလေးကို ရေးဖြစ်ပါတယ်။ အမှတ်တရပေါ့ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ (ကဗျာရေးသူ)

ကောင်းချီးတရား

ဝန်းကျင်ကိုမှော်သွင်းထားတဲ့မိုးက
သစ်ပင်တွေကိုဖျားယောင်းလို့
သစ်အိုပင်အုပ်ကြီးများက
အမှည့်လွန်သီးတွေ သီးလို့။

ဟေမန္တနတ်သားက
လောကကိုမျက်စပစ်လိုက်ကာ
အိပ်ဖန်စောင့်ရင်း
ရာသီကိုက် ပန်းကိုရွေးရင်း
ကိုယ်ရောင်ဖျောက်လျက်က
မိုးစည်ယွန်းသံ ပေးလို့။

ဗလာတောင်တန်းကြီးတွေကတော့
လောကဓံကို
ကျောပေါ်က စွပ်ကြောင်းကြီးတွေတပြပြနဲ့
နွေဦးကိုခြွေခူးခဲ့တဲ့ဇာတ်လိုက်အချိုး
သူ့အမောက်ကိုထောင်လို့ ရှိုးတပြပြ။

ဟော .. ကြားစ
အတွင်းအောင်ခြင်းတရားတပိုဒ်
ရွတ်ဖတ်သံရှည် ကြားရ
ဝါစင်္ဂတပါး ပုဒ်ဖြည့်စဉ်

“ လုံးစုံများစွာ သတ္တ၀ါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ
ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ”

စကြ၀ဠာအနန္တ
ဝတ်ဖြည့်သူတို့ တောင်းဆု
အနုမောဒနာ သာဓု သာဓု သာဓု။ ။

ခင်လွန်း
စက်တင်ဘာ၊ ၂၀၊၂၀၀၇

1 Comment:

  1. Nge Naing said...
    ကဗျာကို လာရောက်ခံစားသွားပါတယ်။ ကျွန်မဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

Post a Comment