Sunday, August 16, 2009

(ဝင်းတင့်ထွန်း)

★ ခုတလောမှာ ...
ရာသီဥတုတွေလဲ ဖြစ်ချင်သလို ဖြစ်
လေထုတွေပါ ညစ်ညမ်း
ဟော့ဟော့ရမ်းရမ်းဖေါက်ပြန်
ပြောင်းပြန်ဆန်နေတယ် ...

★ လူသတ်သမားတွေက
ဥပဒေ ဥပဒေ ... ဆိုတဲ့စကား
ခရား ရေ လွှတ် ပြောနေတယ် ...
တရားခံတွေက တရားသူကြီးလုပ်ပြီး
ပုဒ်ထီးပုဒ်မတွေကို လိုအပ်သလို ဘာသာပြန်
တရားလိုတွေက ထောင်ချ ခံနေရတယ် ...

★ လက်နက်နဲ့ အာဏာသိမ်းထားသူတွေက
ဖွဲ့ စည်းပုံ ဖွဲ့ စည်းပုံ - ဆိုတဲ့စကားလဲ
နားခါးလောက်အောင် ပြောနေတယ်...
သမိုင်းတလျောက်မှာ
ပေါ်ပေါက်လာခဲ့ရသမျှသော ဖွဲ့ စည်းပုံ
အမှိုက်ပုံပေါ် ပို့ ခဲ့ကြတာကလဲ
သူတို့ ပဲ မဟုတ်လား

★ တပါးသူကို မျက်နှာချိုသွေး
အောက်ကြေးနဲ့ ခယဝပ်တွ လုပ်နေရသူတွေကလဲ
နယ်ချဲ့ ဆန့် ကျင်ရေးစကားနဲ့ သူ့ ကျွန်မခံ
ဇာတိမာန်နဲ့ မျိုးချစ်စိတ်အကြောင်း
ထောင်းလမောင်းကြေအောင် ပြောနေကြပြန်ပါလား ...

★★★

★ ဒီလို ဥတုတွေ ဖေါက်ပြန်
ပြောင်းပြန်ဆန်နေတဲ့ လေထုတွေကြားမှာ
တုပ်ကွေးဖျား ဖျားမနေဖို့  အရေးကြီးတယ် ...

★ ကြက်တုပ်ကွေး ငှက်တုပ်ကွေး
ဝက်တုပ်ကွေး လူတုပ်ကွေး
တုပ်ကွေးဗိုင်းရပ် အမျိုးမျိုးကြားမှာ
စစ်တုပ်ကွေးဗိုင်းရပ်ပိုးဟာ ပိုဆိုးတယ် ... ၊၊ ၊၊

(ဝင်းတင့်ထွန်း)
(၃၁ - ၇ -၀၉)
http://naytthit.com ... မှ ...

0 Comments:

Post a Comment