စာဖတ်သူသို့ ...
လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရေးခဲ့တဲ့ ကဗျာဟောင်းလေးပါ။
ခေတ်ပြိုင်ဝက်ဆိုက်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။
ကျေးဇူးတင်စွာဖြင့်
(စာရေးသူ)
ညရင်ကွဲ
ပင်လယ်က
လမင်းနဲ့ ကွာရှင်းထားတဲ့ည
လေချွန်အုန်းလက်တွေ ရင်ကွဲနာည
လေညင်း ထင်ရာဆိုင်းခဲ့ပ။
ချစ်သူတွေတောင်
မထွေးပွေ့နိုင်ကြတဲ့အခါ
ညဟာ
သူ့ရင်ကို ဟက်တက် ခွဲထားတော့တယ်။
(ခင်လွန်း)
Sunday, January 11, 2009
Labels: ကဗျာ
20 Comments:
Subscribe to:
Post Comments (Atom)
လမင်းနဲ့ ကွာရှင်းထားတဲ့ညမှာ ကမ်းစပ်နားရပ်နေတာ ကျွန်တော်ပါပဲဗျာ။သဘာတွေတစ်ခုပြီးတစ်ခု ထုတ်နေတော့ ပါပဲလားဆရာလွန်း ရယ်။
မင်းဒင်
ကောင်းသောနေ့ပါဗျာ :)
ပင်လယ် ကမ်းစပ်နားမှာ..
ကောင်မလေး တစ်ယောက်..
အဝေး ကို ရောက်နေတဲ့..
ဘယ်တော့မှ ဆုံ နိုင်မလဲ ဆိုတာ မသေချာတဲ့
ချစ်သူ ကို လွမ်း လို့
တိတ်တိတ်လေး ထိုင် ငို နေတယ်...
အတော မသတ်နိုင်တဲ့ ရင်ကွဲ ပက်လက် နဲ့...
ပင်လယ်..စုံ၂စိ၂ပဲ..ကျွန်တော်ရဲ့ကြေကွဲမှု
ကဗျာလေးကို လာရောက်ခံစားပါအုံး.ဗျ.
ကဗျာကောင်းလေးပါ.
ပင်လယ်ကလမင်းနဲ့ဘာလို့ကွာရှင်းရတာလဲ ...
စဉ်းစားရင်းနဲ့အိပ်ငိုက်လာသလိုပဲ ...ကောင်းတယ်ဗျို့
ကဗျာရေးသူ
သွားပါတယ်ဗျာ။
လေညင်း ထင်ရာဆိုင်းခဲ့ တဲ့ သဘောကျတယ်
အရမ်းထိရှတဲ့ စာသားလေးတွေပါ..
လေးစားပါတယ်..
ကဗျာလေးဖိတ်ပြီး ရခဲ့တဲ့ စိတ်ခံစားမှုအတွက်
ကျေးဇူးအများကြီးတင်ပါတယ်
ရင်ထဲကိုတော်တော်ထိစေတယ်.
နားလည် နိုင်သလောက်ခံစားခဲ့တယ် အမှန်ပြောရရင်အရမ်းကောင်းတယ်ဗျာ
နားတော့သိပ် လည်သေးဝူး...ဟီးဟီး
စဉ်းစားနေတုန်း နောက်လူတွေအော်နေလို့ 
အိမ်ပြန်ပြီး ထပ်ကြိုးစားကြည့်လိုက်ဦးမယ်လေ နော့်...
တရားသူကြီးဘယ်သူလဲ
ဖတ်ရင်းနဲ့ဖတ် ပြီးတော့ထပ်ဖတ် ဖြစ်တဲ့ကဗျာလေးပါ
ကူးသွားတယ်ဗျာ
လက်ရေးနဲ့ ရေးထားတာတွေ့ ကတည်းကသဘောကျတယ်ဗျို့ ။
လေချွန်အုန်းလက်တွေရင်ကွဲနာကျ မှာ
ရင်ကွဲနာညလို့  ရိုက်ထားတာမှားနေတယ်။