Tuesday, December 9, 2008


စာဖတ်သူသို့ ...

ဒီကဗျာလေးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာရွှေဝါရောင်လှုပ်ရှား မှု ကာလနှောင်းပိုင်း
မှာရေးဖြစ်ခဲ့တာပါ။ဘုရားသားတော် ရဟန်းရှင် မြတ်တွေကိုတောင်မချန်ဘဲ ရက်
ရက်စက်စက် ပစ်ခတ်ချေမှုန်းရဲတဲ့ စစ်အာဏာရှင် သူသတ်သမားရဲ့ အာဂသတ္တိ
ကိုလဲ မင်တက်တုန်လှုပ်မိပြီး ရက်အတန်ကြာတဲ့အထိ ကျနော် စွန့်အ,ကြောင်စီ
ဖြစ်သွားခဲ့ပါ တယ်၊ ဒီလိုနဲ့နေရင်း တနေ့မှာတော့ ဒီကဗျာလေးကိုရေးဖြစ်တော့
တာပါပဲ။(၀န်ခံရမှာက ခေတ်ပြိုင်ဝက်ဆိုက်မှာ တင်ပြီးသားဆိုတာပါ)ကျနော်တို့
အားလုံးရဲ့အမေအမိမြန်မာပြည်ကြီးကိုမှန်းဆတွေးမြင်မိပြီးအဝေးကနေ ကျနော်
လှမ်းပြောနိုင်လိုက်တဲ့ စကားဟာ အားမရစရာ ဖြစ်နေခဲ့မှာပါ။ဖြစ်ပုံက ဒီကဗျာကို
ရေးတော့ ရေမြေ သွေးခြားနိုင်ငံတ
ခုရဲ့ ဆိပ်ကမ်းရှိရာကို ရွက်လွှင့်ဖို့တာစူနေသူအဖြစ် ဒုက္ခသည်စခန်းတနေရာမှာ ကျနော်ရှိနေခဲ့တာလေ။ဘာပဲပြောပြော မျှဝေခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။
(စာရေးသူ)



လိပ်ပြာချင်းဆက်



အမှန်အတိုင်းပြောရရင်
ဆည်းလည်းသံ အ,သွားတဲ့စေတီလေး
ကျနော် လွမ်းဆွေးနေသေးတယ်

ဘာနဲ့မီးဖိုလို့
ဘာဟင်းလေးချက်လို့
အမေဖြင့်
ထမင်းအိုး ဘယ်လိုတည်နေမလဲ

ရာသီကလည်း
ဘုရားတင်ဖို့ပန်းတွေတောင် မပွင့်နိုင်ကြ
ကျောင်းဆောင်ကြားခိုနေတဲ့
လာဘ်ကောင်လေးရော
စုတ်ထိုးသေးရဲ့လားအမေ

ကျနော်ဖြင့်
အဝေးက ဆုတောင်းနေရတာ
တကိုယ်ကောင်း ဆန်လိုက်ပ အမေရယ် ။ ။

ခင်လွန်း

၁၁.အောက်တိုဘာ. ၂၀၀၇

1 Comment:

  1. မင်းဒင် said...
    ဆည်းလည်းသံ အ,သွားတဲ့စေတီလေး။

    ဆိုတာ ဆွံ့ ၊ အ၊ နားမကြားတဲ့ ကျနော်တို့ မြန်မာပြည်သူတွေ ကို ညွှန်းရော့လေသလား မောင်ကြီး ရွှေပြည်စိုးရယ် ။

    မင်းဒင်

Post a Comment