Thursday, July 29, 2010

မော်ကွန်း - ၅၃











မွေးနေ့မှာ
မိုးရွာနေတယ်
မနေ့ကလည်း ရွာတာပဲ
ဖွဲဖွဲ။

ငယ်ကဆို
မိုးသည်းထဲပြေးလွှားဆော့ကစားပျော်
ကျနော် .. သူငယ်ချင်းများ .. လွမ်းဖွယ်
ခုတော့ မိုးသက်လေပြင်းများနှယ် မေးခွန်းက
“တန်အောင်နေမလား
ခံအောင်နေမလား …”

ကမ္ဘာကြီးပူနွေးလာမှုစိုးရိမ်ဖွယ်ရေမှတ်
အမုန်း၊ အာဃာတ၊ စစ်ပွဲ၊ ကပ်ဆိုက်မှု
သေချာတယ်
၅၃ နှစ်တာ စိမ်းစိုဖူးပွင့်ခဲ့မှု
ကိုယ်ပိုင်တေးကိုဆိုခဲ့သူပါ
ငါ့ဥယျာဉ်နဲ့ငါ
နှစ်ရှည်ပင်တွေစိုက်ပျိုးလို့
ခုန လက်လိုက်တဲ့လျှပ်စီးထဲ
မျက်နှာဝှက်ထားခဲ့
ပုံပြင်လေးကတော့ ဒါပါပဲ။ ။

ခင်လွန်း

၂၅၊ ဇူလိုင်၊ ၂၀၁၀
နံနက် - ၉း ၃၀ နာရီ

2 Comments:

  1. Партнёрство said...
    Hi!
    Did you know that upon activation of your new account and purchase of 10 Credits, DubLi.com will send you a $500.00 resort voucher? Additionally, US customers will receive a $25.00 restaurant voucher! Simply use the following link and register in three easy steps: http://bit.ly/free500usd
    На этом всём можно построить бизнес и купить ОСТРОВ!
    ကကြီး။ said...
    သိပ်ကိုကောင်းတဲ့ ကဗျာတစ်ပုဒ်ဆိုတာ ပြောခဲ့ပါရစေ။

Post a Comment