Saturday, April 4, 2009



အို ... လှေငယ်ရှင်
ရေဆန်လမ်းလဲ လှော်ရသေး
လှေကွဲကြီးလဲ ဖြစ်နေသေး
ရွက်တိုင်ကလဲ ကျိုးနေသေး
ဝဲ ကတော့ထိုး ရေလှိုင်းဆိုးကြား
တက်ကျိုးနဲ့သာ လှော်ရ ပါလဲ
လှော်ခတ်ရဲ စွ
ဘယ်က အားမာန် ရသနည်း ၊
ဘယ်တွက် အသင် လှော်သနည်း ၊၊

လှေငယ်ရှင်
တဖက်ကမ်း ၌
အောင်ပန်းရှိသည် ငါ ယုံကြည် ၍
ယုံကြည်မှု မှ အားမာန်ရ ကာ
လှော်ခဲ့ပါသည်
ရှေ့  မှာ ပန်းတိုင် ငါ မြင် ပြီ ...



အို ... လေဆန် ငှက်
လေဆန်လမ်းလဲ ပျံ ရ သေး
ဒဏ်ရာကလဲ ရ ခဲ့သေး
တောင်ပံကလဲ ကျိုးနေသေး
သွေးတွေ စီးဖြာ ရင်နာနာဖြင့်
ပျံ ကာ နေရ သွားနေရ လဲ
ပျံ သန်း ရဲ စွ
ဘယ်က အားမာန် ရသနည်း ၊
ဘယ်တွက် အသင် ပျံ သနည်း ၊၊

လေဆန်ငှက်
တဖက်ကြော၌
ပန်းတော ရှိသည် ငါ ယုံကြည် ၍
ယုံကြည်မှု မှ အားမာန်ရကာ
ပျံ ခဲ့ ပါ သည်
ရှေ့ မှာ တောရိပ် ငါ မြင်ပြီ ... ၊၊

(ဝင်းတင့်ထွန်း )
၁၉၈၃ ၊ အင်းစိန်ထောင်

ဒေါင်းအိုးဝေ၊ အတွဲ(၁) အမှတ်(၈)၊ မတ်လ ၂၀၀၉၊

0 Comments:

Post a Comment