“ဘ၀မာတိကာ”
ကဗျာစာအုပ်မှ ခံစားတင်ပြ
ထားတာဖြစ်ပါတယ်။
ဟောဒိစိမ်းစိမ်းလုံးလုံး
တုန်းတင်းသရော မာချောချောကြီးဟာ
အရည် ရွှမ်းရွှမ်း အမှည့် ပြွမ်းပြွမ်း
ဖရဲသီးကြီးမှ ဖရဲသီးပါ။ ထား။
ဒါကြီးကို
ဓားနဲ့ပိုင်းလိုက် ရဲခနဲ
တပိုင်းတပိုင်းကို တခါ ထက်ခြမ်းခြမ်း
နီနီရဲကြီး ပြန့်ကားသွား
အခြမ်းကိုမှ အစိတ်တွေ အစိတ်တွေ
ထပ်ထပ် စိတ်လိုက်တော့
ဗန်းပေါ် ဗျတ်ပေါ်မှာ မီးညွန့်မီးခဲတွေ
ကြည့်နေရင်း ပြည့်သွား။
မောင်အောင်ပွင့်
(၁၀.၈.၁၉၉၇)
Saturday, March 28, 2009
1 Comment:
-
- ATN said...
March 28, 2009 at 7:29 PMကိုလတ် ကဗျာတွေ ဖတ်ရတဲ့အတွက် ကျေးဇူးပါ ကိုခင်လွန်းရေ့...
Subscribe to:
Post Comments (Atom)