ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -
မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …
ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -
ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။
( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )
Thursday, November 20, 2008
1 Comment:
Subscribe to:
Post Comments (Atom)
ကာယကံရှင်ကို မမြင်ဖူးပေမဲ့ တိုက်ဖေါ်တိုက်ဖက် အချင်းချင်းမို့ လာရောက် ဦးညွှတ်ခဲ့ပါတယ်။
ကိုဖိုးဇေရေ.. သစ္စာတည်စွာ အသက်ဆုံးတိုင် ယုံကြည်ရာကို ကျော်ဖြတ်ခဲ့သူမို့ 
ငါတို့ရင်ထဲ ဘယ်တော့မှ ပျောက်မှာမဟုတ်ပါဘူး၊
ကောင်းရာ သုဂတိကို စိတ်သက်ရောက် နိုင်ပါစေ..