သစ္စာသေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ။
မြေပုံနေရာ
မမှတ်ပါနဲ့
ထိုနေရာ၌
ပန်းမစိုက်နဲ့
စိုက်တဲ့ပန်းပင် ဂုဏ်ပျက်နိုင် - ။
ထူးခြားတာက
ထို ဈာပန ...
ရောက်လာကြသူ ရှုကြသူ နဲ့
ဝိုင်းဝန်းကြသူ ပို့ကြသူကား
ရန်သူဖြစ်ခဲ့ နာကျည်းခဲ့သူ
ခါးသည်းခဲ့ကြ တိုက်ခဲ့ကြသူ
မုန်းတီးသူတွေ ...
မုန်းသူတွေက ပန်းခွေချပြီး
ရန်သူတွေက ဈာပနစကား
မြွက်ကြားသီဟ ဂုဏ်ပြုကြ ပေါ့ ...
တရံခါက
သံယောဇဉ် ဖြစ် ချစ် ခဲ့ကြသူ
ချစ်ဦးသူတွေ ... မိတ်ဆွေတွေ ကား
စကားထဲပင် မထည့်ချင် တော့
ရင်မှာ မေ့လိုက် ဖျောက်ပစ်လိုက်တာ
ကာလကြာပြီ
လာဖို့ ဝေးစွ နှုတ်မဟချင်
ပန်းခွေချဖို့ ဝေလာဝေး ။ ။
( ၀င်းတင့်ထွန်း )
၁၉၈၃။ အင်းစိန်ထောင်တွင်း
Saturday, October 4, 2008
Labels: ကဗျာ
0 Comments:
Subscribe to:
Post Comments (Atom)