Saturday, January 23, 2010

စာဖတ်သူများသို့...
စာရေးသူရဲ့ ငယ်ဘဝပုံရိပ် တစေ့တ စောင်းလှစ်ပြတဲ့အနေနဲ့ရော ငယ်သူ ငယ်ချင်းတယောက်ကို သတိရခြင်း များနဲ့ပါ ဒီစာကို ရေးဖြစ်ပါတယ်။

ဒီဝတ္ထုကိုရေးဖြစ်တော့ လွတ်လပ်ရေး နေ့မတိုင်မီကပါ။ လွတ်လပ်ရေးနေ့ အ မီ စာဖတ်သူများဆီ ကျနော် ပို့ပေး ချင်တာလေ။ ဒါပေမယ့် အကြောင်းအ မျိုးမျိုးတွေနဲ့ နောက်ကျသွားခဲ့ရပါတယ်။

ဒီဝတ္ထုက အကန့်အသတ်ဘောင်ကိုလွှတ်ပြီးရေးထားတော့ ပြည်တွင်းမှာတုန်းကဆို မဂ္ဂဇင်းဝတ္ထုရှည် လောက်ဖြစ်မယ်ထင်ပါတယ်။ ဘလော့တို့ဝက်ဘ်တို့ရေစီးမှာ “ကျနော့်ရဲ့ နှင်း” က အတော်ကို ကိုးလိုး ကန့်လန့် ဖြစ်နေမယ်ဆိုတာ ကိုယ်တိုင် သတိထားမိပါတယ်။ ခက်တာကဘယ်လိုမှ မတတ်နိုင်တော့ အောင် လက်ကျွံသွားခဲ့ ရပါပြီ။ စိတ်ရှည်လက်ရှည် ဖတ်ပေးမယ်ဆိုရင်ပဲ ကျေးဇူးတင်ရတော့မှာပါ။

ကိုယ်ရေးဖြစ်တဲ့စာလေးတွေ တစုတစည်းတည်းဖြစ်ချင်တာနဲ့ပဲ ဘလော့ပေါ်တင်ရလိုက်ရတာကို နား လည်ပေးကြပါလို့ပဲ ဆိုပါရစေ တော့ဗျာ။ ဝတ္ထုခေါင်းစည်းအတွက် ကူပေးတဲ့ “နေနေ” ကိုလဲ ကျေးဇူး တင်ရကြောင်း ထည့်ပြောပါရစေ။
စာရေးသူ


ကျောက်ဖြစ်သွားတဲ့ နှင်း

နှင်းများက ဒီဇင်ဘာ၏ ဝန်တာကိုထမ်းဆောင်ရင်း ဝန်းကျင်တခိုတွင် ဆိုင်း၍နေလေသည်။ လာမည့် လေးငါးရက်ဆိုလျှင် ကျနော်တို့ နိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ (၆၂) နှစ်တာ ကာလသို့ ရောက်ပေဦးတော့မည်။ အခြားအရာများ အသာထား၍ လွတ်လပ်ရေးနေ့” သို့ ရောက်လေတိုင်း ကျနော့်တွင် မှတ်မှတ်ရရ ရှိခဲ့ဖူးလေသော ငယ်သူငယ်ချင်းတယောက်ကို သတိရနေမိတတ်သည်။ ထိုသို့သတိရမိတိုင်းလည်း သူနှင့်ကျနော့် အကြားရှိခဲ့ဖူးလေသော ကတိစကားတလုံးကပါ တပါတည်း ပါလာတတ်ပါသည်။ ပြန်ပြောင်းတွေးကြည့်တော့ နှစ်ပေါင်း၃ဝ-ပင် ကျော်ခဲ့ပါပြီကော။ ယခုအချိန်၌ ကျနော့်သူငယ်ချင်း ခင်မောင်ထွန်းပင်လျှင် သည်လောက မြေမဟီတနေရာတွင် သက်ရှိထင်ရှား ရှိရှိ တော့ပါလေစ။ ထို့အတူ ခင်မောင်ထွန်းကလည်း တချိန်တခါလေးများ ကျနော့်အား သတိရနေ တတ် သေးလျှင် ဘဖေငြိမ်းတယောက် ဒီကမ္ဘာလောကကြီး၌ ရှိမှရှိပါလေတော့အံ့ဟု တွေးမိလိမ့်မည်ထင်ပါ သည်။

အော် .. သူငယ်ချင်း ခင်မောင်ထွန်း၊ လွတ်လပ်ရေးနေ့အခါသမယကိုရောက်လေတိုင်း မင်းကိုသတိရ နေ ပါသေးတယ် “လောကကြီး” ရေ။

.....

(၁)
ခင်မောင်ထွန်းမှာ ကျနော်နှင့် ကိုးတန်းဆယ်တန်း ၂ နှစ်ဆက်တိုက် တတန်းထဲတခုံထဲ အတူထိုင်ခဲ့ကြ သည့် အတန်းဖော်သူငယ်ချင်း ဖြစ်သည်။ ကျနော်တို့နှစ်ယောက်ထဲတော့မဟုတ်။ ဝင်းတင် ဆိုသည့် ခပ်အေးအေးခပ်ငေါင်ငေါင် သူငယ်ချင်းတယောက်လည်း တခုံထဲ အတူထိုင်ကြရာတွင် ပါပါသည်။ ကျောင်းတွင် ကျောင်းသားနှင့် စာသင်ခုံမလုံလောက်၍ နှစ်ယောက်စာခုံတန်းရှည်တွင် ကျနော်တို့ သုံး ဦး အတူထိုင်ကြရခြင်း ဖြစ်သည်။

ဒီနေရာတွင် ထူးခြားသည်မှာ တူရာတူရာစုတတ်ကြသည့် သဘောသဘာဝကြောင့်ပေလား၊ အခြားအ ခြားသော အကြောင်းကြောင်း များကြောင့်ပေလားတော့မသိ။ ကျနော်တို့ သုံးဦးသားက အတွဲညီလှ သည်ဟု ဆိုနိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ ဥပဓိများမှာ တတန်းလုံးတွင် တော်တော်လေး မွဲတိမွဲပြာ စုတ်တိစုတ်ချာနိုင်လှခြင်း ဖြစ်သည်။ ကိုယ့်ဂုဏ်ကိုယ်ဖော်၍ ပြောဆိုရမည်ဆိုလျှင်တော့ ကျနော်တို့ ၉ တန်း (ဒီ) အခန်းထဲတွင် လူမွဲစာရင်းကောက်ယူမည်ဆိုပါက ကျနော်တို့သုံးဦး ရှေ့ဆုံး တန်းက စာရင်းပေါက်မည်မှာ အငြင်းပွားဖွယ်ရာမရှိနိုင်။ တိုတိုပြောရလျှင် ကျနော်တို့မှာ ခပ်မွဲမွဲမိ သားစုများက ဆင်းသက်လာရကြောင်း ရုပ်သွင်အရရော ဝတ်စားမှုအရပါ ထင်းထင်းကြီးပေါ်လွင်လှ သည်။ ကျနော်မှတ်မိသလောက် လက်သမားဆရာကြီးတဦး၏သား ခင်မောင်ထွန်း တွင် နွမ်းဖတ်ဖတ် ကော် လံကတုံးအင်္ကျီလေးတထည်၊ မိုးပြာရောင်လွင့်လွင့် ရှပ်လက်တိုလေးတထည်တို့သာ စာသင်နှစ် တနှစ်တာလုံး ထည်လဲဝတ်နေရလေ့ရှိပြီး ကျနော်ကလည်း ပခုံးစွန်းတွင် ဖာရာထေးရာဗလပွနှင့် တက် ထရွန် ရှပ်လက်တိုလေးတထည်၊ အမေ့မောင် ကျနော့် ဦးလေးအကျ အကွက်စင်းအင်္ကျီလေး တထည် တို့နှင့်သာ တနှစ်တာ စခန်းသွားခဲ့ရပါသည်။ ထိုနည်းနှင်နှင် သာမန်အစိုးရဝန်ထမ်း တဦး ၏သားဖြစ်သူ ဝင်းတင် မှာလည်း ကျနော်တို့နှင့် ပိန်မသာလိန်မသာအစားထဲကဖြစ်ပြီး သည်လို ပုံသည်လိုမျိုးနှင့် ကျနော်တို့၏ အထက်တန်းကျောင်း ကျောင်းသားဘဝကို ခရီးနှင်ခဲ့ကြရခြင်းကို မှတ်မိနေသည်။

စင်စစ် ကျနော်တို့သုံးဦးသားအနက် အသွင်တူဆုံးမှာ ခင်မောင်ထွန်းနှင့် ဝင်းတင် ဖြစ်သည်။ သူတို့နှစ် ယောက်က ပုံမှန်အားဖြင့် လူအေးများဟု ဆိုနိုင်ပြီး စကားနည်းကြပုံချင်းတူသည်။ ဝင်းတင်စကား ပြောလျှင် လေသံအေးအေးတိုးတိုးလေးပြောတတ်ပြီး ခင်မောင်ထွန်း က စကားထစ်သည်။ တော် တော်ပင် ထစ်ရှာသည်။ ဒါပေမင့် တာထွက်မှန်ပြီး အရှိန်ရသွားလျှင်တော့ ဖြောင့်သွားတော့၏။ ခင် မောင်ထွန်း စကားပြောဖို့ချီလျှင် “လောကကြီးကကွာ လောကကြီးမှာကွာ..” စသဖြင့် အစချီကာ ပြောလေ့ရှိရာ သူ ဘာပြောပြော လောကကြီးမပါဘဲ မနေတတ်။ ဒီတော့ သူ့ကိုကျနော်က “လောက ကြီး” ဟု အမည် ပြောင် ပေးထားသည်။

ပြောရလျှင် သူတို့နှင့်ကျနော်က အကွာကြီးကွာသည်။ ကျနော်က စကားများသော ကြွက်။ လူက လည်း သိပ်ငြိမ်ငြိမ်မနေတတ်။ ဆရာမရှိလျှင် စာသင်ခုံကို ဒရမ်လိုသဘောထားပြီး ခေါက်လား ခေါက် နေ တတ်သည်။ ဒါမှမဟုတ် သစ်သားစားပွဲခုံပေါ်တွင် ခဲတန်ချွန်သည့် ဓားဦးဖြင့် စိတ်ကူးတည့်ရာ ကနုတ်ပုံတခုခု ထွင်းကောင်း ထွင်းနေတတ်သည်။ တခါတလေ နှစ်ကြိမ်ဆက်တိုက် ဆရာများမလာ လျှင်တော့ ကျောင်းနံရံကို ကွန်ပါဒေါက်စူးဖြင့် ဓားပေါက်တမ်း ကစားတော့၏။ ဆိုပါတော့၊ ခင်မောင် ထွန်းနှင့် ဝင်းတင်တို့က အငြိမ်သမား။ ကျနော်က အလှုပ်။ တော်တော်လေးကိုလှုပ်တဲ့ အလှုပ်။ ဒီ တော့ ကျနော်လည်း နာမည်ပြောင်တခု ရလာသည်။

ကျနော့်အမည်က “မျောက်ညို” တဲ့။ ကာတွန်းဦးအောင်ရှိန်၏ ဇာတ်ကောင်များစွာအနက် နာမည် ကျော် ဦးစိတ်တိုနဲ့ မျောက်ညို ဇာတ်ကွက်ထဲမှ ဒေါသကြီးသည့် ဦးစိတ်တို၏ ငှက်ပျောတောကို အ လစ်ဝင်ဝင်ခိုးတတ်သော မျောက်တကောင်၏အမည်ကို ကျနော် ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ် သည်။ ဝင်းတင် အမည်ပြောင်ကိုတော့ သဲသဲကွဲကွဲ မမှတ်မိတော့။
.....

တခါသားမှာတော့ ခင်မောင်ထွန်းက စကားတခုဆိုလာသည်။
“ဟေ့ မျောက်..မျောက်..မျောက်ညို၊ လောကကြီးမှာ ဘာအရေးကြီးဆုံးလို့မင်းထင်သလဲ” တဲ့။

ထိုနေ့က ကျောင်းအစည်းအဝေးရှိ၍ အလှည့်ကျဆရာများမလာသဖြင့် ကျနော်က ဓားပေါက်တမ်း က စားရကောင်းမလား လုပ်နေစဉ် ခင်မောင်ထွန်းက ထိုစကားကို ဆိုလာခဲ့သည်။ မှန်တာပြောရပါက ထို အကြောင်းကို ကျနော်စိတ်မဝင်စားလှ။ ဒါပေမယ့် ကျနော့်ကို အလွန်တွယ်တာသည့် သူငယ်ချင်းမို့ အ လိုက်သင့်ဖြစ်ရန် ကျနော် ကြိုးစားရသည်။

“အများကြီးပဲကွ၊ ငါမပြောတတ်ဘူး”

“မဟုတ်ဘူးလေ၊ အရေးကြီးတယ်ဆိုတာ အများကြီး ဘယ်ရှိမလဲကွ အရေးပါဆုံးကိုပြောတာ”

တကယ်တော့ ထိုပြဿနာမှာ ကိုယ့်ရှူးကိုယ်ပတ်သည့် ပြဿနာဟုလည်း ဆိုနိုင်သည်။ ဖြစ်ပုံကို ကျနော် လင်းပြချင်သည်။ ကျနော်က အဆော့သန်ပြီး ဂဏှာမငြိမ်လှသော်လည်း တဖက်တွင် စာဖတ် ဝါသနာလည်း ထုံသလို ကဗျာလေးဘာလေးလည်း အရူးထပြီးရေးသည်။ ထိုစဉ်ထဲက ကျနော်ဖတ် သည့် စာများမှာ သခင်မြသန်းတို့ ဗန်းမော်တင်အောင်တို့ ဖြစ်နေပြီ။ နားလည်လှလို့တော့မဟုတ်။ ကိုယ့်ဘဝက ခပ်မွဲမွဲဆိုတော့ ငမွဲများကို ကိုယ်စားပြုသည့်စာများကို ကျနော် ကြိုက်တတ်သည်။ ဆရာ ဗန်းမော် တင်အောင်၏ အညတြကြက်တောတို့ ငသြတို့ကို သဘောကျသည်။ တခါတခါ ကြက်တော ဈာန်ဝင်နေသည့် ကျနော်က စာအုပ်ထဲကဒိုင်ကြောင်တွေ သူတို့ကို ပြောပြတတ်၏။ ကျနော်ဖတ်ဖူးခဲ့ လေသမျှ ဝတ္ထုထဲမှအလုံးတွေကို မနိုင်မနင်းအာလုပ်သွင်းကာ ပြောခြင်းဖြစ်သည်။ ဟဲဟဲ ရလဒ်က တော့ ဒီနှစ်ကောင်၏ လွှတ် အထင်ကြီးမှုကို ခံရခြင်း။

တခါတခါကျတော့လည်း ထိုအထင်ကြီးခံရမှုကပင် ပြဿနာဖြစ်တတ်ပြန်သည်။ ခုပင်ကြည့်။ လောက ကြီးမှ ဘာအရေးကြီးဆုံးလဲတဲ့။ ဓားဝိဇ္ဇာလုပ်ဖို့ဟန်ပြင်နေစဉ် “လောကကြီး” က ပြဿနာရှာလေပြီ။ သူ့မျက်နှာ ပေါ်တွင်လည်း ခါတိုင်း ကျနော် မမြင်ဖူးသည့် အရောင်တမျိုးကို မြင်လိုက်မိ၏။

ကျနော်က ကွန်ပါဒေါက်စူးချွန်ကို ခုံပေါ်တွင်တဒေါက်ဒေါက်လုပ်ရင်း “ဘာလဲ ငွေလား” ဟု ပြန်မေး တော့ ခင်မောင်ထွန်းက ခေါင်းကို လေးတွဲ့တွဲ့ ခါသည်။ မဟုတ်သေးဘူးဆိုသည့်သဘော။ ကျနော် ဘာများတတ်နိုင်ပါဦး မည်နည်း။


“ဒါဆိုလဲ မင်းပဲပြောတော့လောကကြီး၊ လူ့လောကကြီးမှာ ဘာအရေးကြီးဆုံးလဲ၊ ငွေမဟုတ်ရင် ဘာ လဲ”

“ငွေ..ငွေ..ငွေလဲ ပါ..ပါ..ပါတော့..ပါတယ်ကွ၊ ဒါပေမဲ့ ငွေထက် ဂုဏ်..ဂုဏ်..ဂုဏ်က ပိုအရေးကြီးတယ် သိ..သိ..သိလား”

သူ့မှာ အလေးအနက်တခုခုပြောချင်လာလျှင် ခုလိုပဲ ပိုထစ်ငေါ့နေလေ့ရှိရာ ကျနော်နားထောင်ရင်း မောနေသည်။ ထို့နောက်မှာတော့ သူတို့မိသားစု ပတ်ဝန်းကျင်၏အထင်သေးအမြင်သေး ခံရပုံတွေ၊ မျက်နှာငယ်ရပုံတွေ၊ ခွဲခြားဆက်ဆံခံရပုံတွေကို ကျနော့်အား ပြောပြသည်။ သူတစုံတရာသော ကိစ္စ နှင့် ခံစားနေရပုံပေါ်သည်။ ဒီတော့လည်း ကျနော်က ထုံးစံအတိုင်း ကျနော်တို့ဘဝများချင်း မကွာလှ ပုံ ခါးသီးလှသည့် လောကဓံရိုက်ပုတ်ချက်များ ခံနေရတာချင်း တူညီပုံတွေကို ပြောပြရသည်။

တကယ်လည်းမကွာခြားလှ။ သီတင်းကျွတ်ကျောင်းပိတ်ရက်များအတွင်း ခင်မောင်ထွန်းက သူ့ဖခင်၏ လက်သမားလုပ်ငန်းခွင်သို့ အကူလိုက်ရသလို ကျနော်လည်း ဦးလေးနှင့်အတူ ဈေးဆိုင်းထမ်း၍ လမ်း တကာလည် ရောင်းရသည်။ ကံဆိုးသည့်အခါများတွင် လူပျိုပေါက်ဖြစ်စ ကျနော့်မှာ အတန်းဖော် ကောင်မလေးများ၏အိမ်သို့ ဆိုက်ဆိုက်မြှိုက်မြှိုက်ကြီး ရောက်သွားတတ်ရာ မျက်နှာဘယ်လိုထား ရ မှန်းမသိအောင်အရှက်ရပြီး ကျောင်းဆက်တက်ရေးကိုပင် တော်တော်အားပြန်မွေးယူရသည်။

ဒါကို ကျနော်ကပြောပြတော့ ခင်မောင်ထွန်းဟူသော လောကကြီး၏မျက်နှာသည် သုန်မှုန်နေရာမှ နည်းနည်းကြည်လာ လင်းလာသလို။ ဒါပေမင့် သူက အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု လူအများနှုတ်မှာ ပြောဆိုကြသော်လည်း သူ့အဖေလို ရိုးသားစွာလက်သမားလုပ်စား သူတဦးအနေနှင့် နေရာတိုင်း အ ရာသွင်းခြင်းမခံရသလို အထင် အမြင်သေးမှုပါခံနေရ၍ သူဝမ်းနည်းရကြောင်းတွေ ဆက်ပြောသည်။

မှတ်မှတ်ရရ ထိုနေ့က စာသင်ချိန်ဆရာများပျက်ကွက်သော်လည်း ကျနော့်မှာ ခါတိုင်းလို ဓားပေါက် မကျင့်ခဲ့ရသည့်အပြင် ခင်မောင်ထွန်း ၏ ခံစားမှုဓားပေါက်ချက်များက ရင်ထဲသို့စူးဝင်စိုက်နစ်ကာ ကျန် ရစ်ခဲ့ရလေ သည်ကို မှတ်မိနေပါသေးသည်။

အော် .. လောကကြီးရေ။ သတိရမိပါသေးတော့ သူငယ်ချင်း။
.....

ခင်မောင်ထွန်းခေါ် လောကကြီးအပေါ် မှတ်မိနေသေးသည့် အခြားအကြောင်းလေးတွေလည်း ကျနော့် တွင် ရှိနေသေးသည်။

ကျောင်းကထိန်များရာသီတွင် ဖြစ်သည်။ အတန်းပိုင်ဆရာမက ပဒေသာပင်သီးရန် ကျောင်းသား တိုင်း ငွေနှစ်ကျပ်စီထည့်ရမည်ဟု အမိန့်တော်ချထားခြင်းကို ခင်မောင်ထွန်းက ငြင်းဆန်ခြင်းဖြစ် သည်။ သူ့ အကြောင်းပြချက်က ဒီလို။ သူ့အဖေတို့ လက်သမားဆိုက်တွင် လက်သမားများစုပေါင်း ကာ ဘုံကထိန်လှည့်ကြမည်။ ထို့ကြောင့် သူတို့မိသားစု ဒီကထိန်ရာသီတွင် အလှူတခုလှူပြီးဖြစ် သည်။ ဒါဆိုရ ပြီ။ သူလည်း အဖေ့ဆိုက်ထဲသို့ လိုက်သွားရမည်။ ငွေနှစ်ကျပ်မထည့်နိုင်။ ဒါပဲ။

ကျနော်တို့ အတန်းပိုင်ဆရာမကလည်း ဆရာမပီသလှပါသည်။ ပြောပုံကကြည့်အုံး။
“ နင်တို့က တော် တော်ပဲ မွဲသလား”..တဲ့။
ဟား ဟား..လောကကြီးမှာ လောကကြီးဟာ..စသည်ဖြင့် ခင်မောင်ထွန်း ပြောမြဲပြောတတ်သလိုသာ ပြောပြီး ကျနော် ရီပစ်လိုက်ချင်သည်။ ဒါပေမင့် ကျနော်တို့ အတန်းပိုင်ဆရာမမှာ လက်မရွံ့ဂိုဏ်းသား တဦးလို ကျောင်းသားတယောက်ကိုရိုက်ရန် အခါမရွေးတတ်သူဖြစ်ရာ ကျနော် ငြိမ်ကုပ်၍သာ နေ လိုက်ရသည်။ သို့သော် ခင်မောင်ထွန်း တိုက်ပွဲ အောင်သွားသည်။

ဆရာမကွယ်ရာရောက်တော့ ခင်မောင်ထွန်းကို ဂုဏ်ပြုသည့်အနေဖြင့် ချီးကျူးစကား ပြောဖြစ်၏။ ခင်မောင်ထွန်းက ဘဝဆိုတာ တိုက်ပွဲပဲလေကွာ နိုင်ရင်နိုင် မနိုင်ရင် ရှုံးပေါ့.. တဲ့။ ထိုစကား ကိုပြောခိုက် နည်းနည်းလေးမှ ထစ်ငေါ့နေခြင်းမရှိတာကို ကျနော်မှတ်မိနေသည်။ အော် လွမ်း လွမ်းမိပါသေးတော့ လောကကြီးရေ။
.....

သည်လိုနှင့်ရေစက်မကုန်သေးသည့် ခင်မောင်ထွန်းနှင့်ကျနော်သည် ဆယ်တန်း (ဘီ) အတန်းတွင် အ တူဆုံကြရပြန်သည်။ ဝင်းတင် နှင့်တော့ အတန်းချင်းကွဲသွားသည်။ ဝင်းတင်က ဆယ်တန်း(ဒီ)။

နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ခင်မောင်ထွန်းသည် သူ့အဖေ၏ လက်သမားဆိုက်တွင် တော် တော်ကြီးကူညီခဲ့ရပုံရှိရာ နေလောင်ထားသည့် ဒဏ်ကြောင့် နဂိုကမှညိုသောအသားမှာ မွဲခြောက် မည်းပြောင်နေသည်။ ဒါပေမင့် ယခင်ပိန်သွယ်သွယ်ကိုယ်ဟန်မှ ပိုအရပ်ထွက်လာသလို မနှစ်ကထက် ကျားကျားလျားလျားလည်း ဖြစ်လာသည်။

“ဟေ့ကောင် မျောက် မျောက် မျောက်ညို၊ မင်းအသားတွေမဲပြီး ထွားလာတယ်ကွ”
ခင်မောင်ထွန်းက ကျနော့်ကိုပြန်တွေ့တွေ့ချင်း ပြောသည့်စကား။

“ဟာ ငါကလဲ မင်းကို ဒီလိုပဲပြောမလို့၊ ဟားဟား လောကကြီးရေ ဒို့နှစ်ယောက်တိုက်ဆိုင်ပုံက တူလွန်း အားကြီးလှပါလား ဟားဟား”

“ဟား ဟား ”

သူကလည်း ကျနော့်လိုလိုက်ရီသည်။ သည့်နောက်မှာတော့ ကျနော်တို့နှစ်ယောက်သား ဝေးကွာနေခဲ့ သည့် နွေကျောင်းပိတ်ရက်ရှည် အတွေ့အကြုံများ ဖလှယ်ကြပြောကြသည်မှာ မမောနိုင် မပမ်းနိုင် အောင်ပင်။ ခင်မောင်ထွန်းက ကျောင်းပိတ်ရက်အတွင်း သူလည်း ကျနော့်နည်းတူ ဝတ္ထုများဖတ်ဖြစ် ကြောင်း၊ ဖတ်တိုင်း ကျနော့်ကို သတိရမိကြောင်း၊ ကျနော်ကလည်း ဂျာနယ်တစောင်တွင် ကဗျာတ ပုဒ် စတင်အဖော်ပြခံခဲ့ရ၍ ကြည်နူးမိကြောင်းတွေဖြစ်သည်။ ထိုနှစ်တွင် ကျနော်တို့ သိသိသာသာ ပြောင်းလဲလာမှုမှာ ကျနော်က ဆရာလစ်လျှင် ဓားပေါက်ဝိဇ္ဇာမလုပ်တော့ဘဲ ကဗျာတွေချည်း ထိုင် ရေးမိနေတတ်သလို ခင်မောင်ထွန်းမှာလည်း မနှစ်ကနှင့်မတူ ကျောင်းစာအပေါ် ပိုမိုအလေးထား လာ သည်ကို သတိထားမိသည်။

သို့သော်..သည်သို့သော်နောက်တွင် ခင်မောင်ထွန်းတယောက် ထူးထူးခြားခြား တခုခုတော့ လုပ် လိမ့် မည် ဟု စာဖတ်သူ ထင်ပါလိမ့်မည်။ မှန်ပါ့ခင်ဗျာ။

ထိုနှစ်သီတင်းကျွတ် ကျောင်းပိတ်ရက်များအပြီး ကျောင်းပြန်ဖွင့်သည့်အခါ အမြဲလိုခပ်နွမ်းနွမ်း ခပ်ညှိုး သာ နေလေ့ရှိသည့် ခင်မောင်ထွန်း တွင် မသိမသာထူးခြားမှုလေးများ တွေ့လာရသည်။ ဆံပင်ကို ခေါင်းလိမ်းဆီမွှေး တမျိုးမျိုးလိမ်းကျံကာ သပ်သပ်ရပ်ရပ် ဖီးသင်လာခြင်းနှင့် အင်္ကျီခပ်ကောင်း ကောင်းလေး နှစ်ထည်သုံးထည်ကို ပွဲထုတ်ရှိုးများလာခြင်းဖြစ်သည်။ ဒါလည်း သိပ်ထူးလှသည်ဟု မ ဆိုနိုင်သေး။

ကျနော်မသင်္ကာသည်က နေ့စဉ်ကျောင်း တက်ခေါင်းလောင်းမထိုးမီ အခြားအတန်းများရှိရာသို့ မ ယောင် မလည်သွားလုပ်တတ်ခြင်းနှင့် သူ့မျက်နှာတွင် ကျနော်အမျိုးအစားမခွဲခြားတတ်သည့် အပြုံး လိုလို ဘာလိုလို မျက်နှာပေးတမျိုးကို မြင်တွေ့လာရခြင်းတို့ပင်။

“ဟေ့.လောကကြီး၊ မင်းမျက်နှာကြီးက တမျိုးဖြစ်ဖြစ်နေတယ်လို့ငါထင်တယ်၊ မင်းဘာဖြစ်နေလဲ မှန် မှန် ပြောစမ်း”

တနေ့ အမှတ်မထင်ဗြုန်းစားကြီးမေးချလိုက်သည့်ကျနော့်စကားကြောင့် သူ ကြောင်တိကြောင်တောင် ခဏဖြစ်သွားသည်။ နောက်မှ မချိုမချဉ်မျက်နှာအဖြစ်သို့ တဖြည်းဖြည်းပြောင်းသွားကာ ...

“ မျောက် မျောက် မျောက်ညို မင်းငါ့ကို ကတိတခုပေး ”

“ ငါ ပေးနိုင်မှ ပေးမယ်ကွာ မင်းလဲ ပြောချင်မှပြော ”

ကျနော်က ဒီလိုဈေးကိုင်လိုက်တော့လည်း လောကကြီးသည် ဘာမှဈေးဆစ်မနေတော့ဘဲ ဖြစ် ကြောင်း ကုန်စဉ် ပြောပြတော့သည်။

“ ကဲ ထားပါတော့၊ အဲဒီ့ နီလာဆွေဆိုတဲ့ကောင်မလေးကရောကွာ မင်းအပေါ် ဘယ့်နှယ့် ..”

“ မင်း.. မင်း စဉ်းစားကြည့်လေ၊ ငါ..ငါ.. ငါပြောတာ အဲဒါ အမှန်..အမှန်..အမှန်တွေချည်းပဲ ”

လောကကြီးအဆိုအရ သီတင်းကျွတ်ကျောင်းပိတ်ရက်အတွင်း သူ့ဖခင်နှင့်အတူ တိုက်တလုံးပြန်ပြင် နေသည့် လက်သမားဆိုက်ထဲသို့ လိုက်သွားရရာ ထိုတိုက်မှာ ကျနော်တို့ကျောင်းမှ ကောင်မလေး တဦး၏ အိမ်ဖြစ်နေပြီး ကောင်မလေးမိဘများကလည်း အလွန်ဖော်ရွှေကြောင်း၊ ပိုက်ဆံချမ်းသာ သော်လည်း အဆင့်အတန်းမခွဲကြောင်း၊ နီလာဆွေဆိုသည့်ကောင်မလေးကမူ သူတို့ကိုနေ့စဉ်ပုံမှန် ကော်ဖီ ဖျော်တိုက်လေ့ရှိကြောင်း၊ ထိုမိသားစုသည် မကြာသေးမီကမှ တခြားနယ်မှ ပြောင်းရွှေ့လာ ကြသည်ဖြစ်ရာ ခင်မောင်ထွန်းအနေဖြင့် နီလာဆွေကို ညီမလေးလို သဘောထား၍ ကျောင်းတွင် အ စစအရာရာ ကူညီစောင့်ရှောက်ဖို့လည်း သူ့မိဘများကမှာကြားကြောင်း..စသဖြင့်။

“မင့်ဟာက ရုပ်ရှင်လိုလို ဝတ္ထုလိုလို ”

ထို့နောက် ကျနော့်ကိုမြင်ဖူးစေချင်သည်ဆို၍ နီလာဆွေတို့အတန်းဘက်သို့ လိုက်ကြည့်ရသေးသည်။ ကောင်မလေးက ခပ်မိမိခပ်ချောချောလေးထဲကဖြစ်ပြီး ကျနော်တို့နှင့်နှိုင်းယှဉ်ပါက တော်တော့်တော် တော် ချမ်းသာမည့်ပုံ။ ဒါပေမင့် အတန်းပြတင်းဝမှာရပ်နေသည့် ကျနော်တို့ကို ထိုကောင်မလေးပြန် ကြည့်လိုက်သည့် အကြည့်တချက်က စူးစူးစားစားနိုင်လွန်းလှသဖြင့် ကျနော်ပင် မျက်လုံးချင်း မဆိုင် ရဲတော့ဘဲ မျက်နှာလွှဲခဲ့ရ၏။

ကျနော်တို့လှည့်ပြန်လာစဉ် ခင်မောင်ထွန်းက နီလာဆွေအပေါ်ဘယ်လိုမြင်လဲဟု မရမကမေးလေရာ သားသတ်သမားတဦးက မြိနေအောင်သွေးထားသည့်သူ၏ဓားသွားကို နေရောင်မှာဝင့်၍ စစ်ဆေးနေ စဉ် အရောင်တလက်လက်ထသွားပုံနှင့် တူလွန်းလှသည့် ထိုကောင်မလေး၏ အကြည့်ကို ကျနော် ပြောမနေဖြစ်တော့ဘဲ..
“အေး .. တော်တော်တော့လှတယ် ကွ ”
ဟုသာ မယုတ်မလွန် ပြောလိုက်ရသည်။

ကျနော်ထင်ခဲ့သလိုပင် ကိုးတန်းတုန်းက အတန်းပိုင်ဆရာမကို ရင်ဆိုင်တိုက်ပွဲဝင်ရာ၌ အောင်ပွဲရခဲ့ဖူး သော ကျနော့်သူငယ်ချင်း လောကကြီးတယောက် နီလာဆွေနှင့်ပွဲတွင် အရှုံးကြီးရှုံး၍ မရှုမလှအထိနာ သွားခဲ့ရသည်ကိုလည်း ယခုအထိ ကျနော်မမေ့ဖျောက်နိုင်သေး။
.....

ဒီလိုနှင့် မတ်လဆယ်တန်းစာမေးပွဲကြီးက တဖြည်းဖြည်းနီးလာပြီဖြစ်ရာ တနေ့တော့ ခင်မောင်ထွန်း က ကျနော့်ကို တခုတောင်းဆိုလာပါသည်။

“ဟာကွာ ငါ အဲ့ဒီ့ကဗျာမျိုး မရေးတတ်ဘူးကွ၊ ရေးတတ်မှဖြင့် ငါလဲ စွန်နေရောပေါ့ ”

သူက ကျောင်းပိတ်ရက်တွင် ခွဲကြရတော့မည့်နီလာဆွေကိုပေးရန် ချစ်ရိပ်ချစ်ငွေ့ပါသည့် ကဗျာတပုဒ် ရေးပေးစမ်းပါဟု တောင်းဆိုလာ ခြင်းဖြစ်သည်။ သူ့ဟာက ရည်းစားစာလည်းမကျ သာမန်ခင်မင်မှု ထက်လည်း နည်းနည်းပိုပြင်းသည့် အဓိပ္ပာယ်ဆောင်ရမည်ဆိုတော့ ကျနော်လည်း မလုပ်တတ်တော့။

“မင်းရေးတတ်သလို ရေးကွာ၊ ကျောင်း..ကျောင်းပိတ်တော့ ဒို့တွေ ခွဲရတော့မယ်၊ မင်း..မင်းနဲ့ ငါ.. ငါလဲ ခွဲရမယ်၊ လွမ်း..လွမ်းစရာကြီးလေ၊ အဲဒါမျိုးရေး၊ ဟို..ဟို..ငါပြောချင်တာက ချစ်တာတို့ဘာတို့ မဟုတ် ဘူး၊ ငါ..ငါ ပြောတာ မင်းသိမှာပါ ”

ခင်မောင်ထွန်းက တဂျီဂျီပူဆာသည်။ ကျနော်က ဂျာနယ်တစောင်၏စာမျက်နှာပေါ်တွင် ကဗျာတပုဒ် လောလောလတ်လတ်ပါထား သူမဟုတ်လား။ စင်စစ် ကျနော်ကိုယ်၌မှာလည်း အလွမ်းဓာတ်၏ လွှမ်း ပတ်ပြုစားမှုကို ကောင်းကောင်းကြီး ခံစားနေရပြီဟု ဆိုနိုင် သည်။

ကျောင်းရှေ့ ကုက္ကိုပင်ကြီးမှ ရွက်ဝါတို့သည် လေမှာဝဲ၍ တဖွေ့ဖွေ့ ကြွေကျနေကြ၏။ ကျောင်းရှေ့ မျက်နှာစာမှ စွယ်တော်ပင်နှင့် စိန်ပန်းများပြွန်းရာ ငုဝါပင်တို့မှာလည်း အဝါရောင်လင်းလင်းနှင့် အ ပြိုင်းအရိုင်းပွင့်ချေပြီဖြစ်ရာ သစ်ရွက်လှုပ်သည်နှင့် ရင်ခုန်တတ်သော ကျနော်တို့လိုအရွယ်များအဖို့ အ ဝါရောင် လွမ်းလိပ်ပြာတို့ တမင်စေလွှတ်နေသည့်အလား ထင်မှားခံစားနေမိသည်။ ကျောင်း၏အလျား အတိုင်းရှိနေသည့် မြေနီနီလမ်းကလေးသည်လည်း ဝင်းဝါသောနေရောင်အောက်တွင် ဖုန်အလိမ်း လိမ်းထလျက်က သူ့ကျောရိုးအပေါ် နင်းလျှောက်လာကြသည့် ကျနော်တို့ ကျောင်းသားများ၏ ခြေ အစုံစုံကို လွမ်းမောစွာငံ့လင့်ရင်း ကျန်ရစ်ရရှာပေတော့မည်။

ကျနော့်နှလုံးသားအစုံမှာလည်း ကျောင်းပတ်ပတ်လည်ဝန်းခတ်ထားသည့် သံဆူးကြိုး၏တနေရာတွင် ချိတ်ငြိတွယ်လျက် ကျန်ရစ်နေ ပေတော့မည်လော။ အတန်းထဲသို့ဝင်လာသည့် ဆရာဆရာမတို့အား မင်္ဂလာပါဟု သံပြိုင်ကြိုနှုတ်ခွန်းဆက်လိုက်သံသည် ကျနော့် ရင်ထဲတွင် ဟိန်းထပဲ့တင်နေတော့၏။ ကျောင်းအတက်အဆင်း ထိုးလိုက်သည့် ခေါင်းလောင်းသံ ချိုလွင်လွင်မှာလည်း အဆွေးဓာတ်ကို ဆောင်ကြဉ်းလာသည့် မှော်ဒြပ်အဖြစ် အသွင်ပြောင်းကာ ကျနော့်သွေးကြောထဲအထိတိုင် တမြေ့မြေ့ ချင်း စီးနစ် ဝင်နေခဲ့လေပြီ။

စာမေးပွဲရာသီကုန်ဆုံးချိန်မှာတော့ ကျနော်တို့၏ငယ်ဘဝပုံရိပ်များဖြင့် လွှမ်းထုံနေတော့သည့် ချစ်လှ စွာသော ထိုကျောင်းတော်ကြီးသည် ဝင်းတံခါးပိတ်ကာ ဟင်းလင်းဟာလာဗလာကျင်းလျက် ဆိတ်ငြိမ် တိတ်ဆိတ် ခြောက်သွေ့စွာ ထီးထီးကျန်နေရစ်ပေတော့မည်တကား။ အို လွမ်းစွ။

ဒီလိုနှင့် ထိုရက်များအတွင်း ကျနော်ကဗျာတပုဒ်ရေးဖြစ်သွားပြီး လောကကြီးကို ပထမဆုံးပေးဖတ် လိုက်သည်။ သူသုံးလိုက သုံးရန်။ ကဗျာက ..


“စွယ်တော်အလွမ်း”

ခေါင်းလောင်းသံတိတ်
သော့အိမ်ချိတ်လို့
ကျောင်းပိတ်ရက်ရှည် နီးပြီကွယ်

စွယ်တော်ပမာ၊ ရွက်နှစ်လွှာလို
ယှက်ဖြာပေါင်းစု၊ သမုဒယမေတ္တာ
တွယ်တာခုံမင်၊ ချစ်ခင်စုံမက်
နှောင်တည်းဘက်ခြင်း၊ ကွေကွင်း ခွဲခွာ
ကျောင်းပိတ်မှာလေ နွေ နွေ နွေ...

အော် နွေပြဿဒါး၊ ရက်များစိမ်းသက်
ကျောင်းရက်ရှည်ဝေး၊ ရင်သိမ့်ဆွေး၏
ခက်သေးပါဘိ အို နွေရယ်..
ကျောင်းရက်ရှည်ဝေး၊ ဆုံလိုသေးလည်း
ချိုတေးတုံးတိ၊ ပြတ်တောင်းဘိသည်
ခက်သေးပါ၏ အို နွေရယ်

အို ..နွေပြဿဒါး၊ ရက်များလုယက်
ကျောင်းတက်လိုသေး
ခက်သေးတော့တယ် အိုနွေရယ်။


ထိုကဗျာမှာ ကျနော်ငယ်ရည်ငယ်သွေးဘဝက တကယ်ပင်ရေးခဲ့သည့်ကဗျာလေးဖြစ်ရာ ခုနေအခါ ကဗျာများနှင့်နှိုင်းစာလျှင် ပုံစံ ဟောင်းကြီးဖြစ်နေပြီး အားနည်းကောင်း နည်းနေပါမည်။ ထားပါ။

ကဗျာကို ခင်မောင်ထွန်းကိုပေးဖတ်တော့ “မင်းဟာက သူနဲ့တွေ့ချင်သေးရင် စာမေးပွဲပဲကျရမလိုပါ လားကွာ” ဟု ဆိုသေးသော်လည်း သူ့စာအုပ်တနေရာတွင် ကူးယူထားသည်ကိုတော့ ကျနော်မြင် လိုက်၏။

ကျနော်လွမ်းလိုက်သော စွယ်တော်အလွမ်းက ဒီမှာတွင် စခန်းရပ်သွားသည်မဟုတ်။ ကျနော်တို့ အ တန်းပိုင် ဆရာမဒေါ်ခင်သန်းဝင်း လက်ထဲသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့လေပြီ။ ဖြစ်ပုံက ကျနော့်ဆီမှ ခင်မောင်ထွန်း၊ ခင်မောင်ထွန်းဆီမှ ဆယ်တန်း(အေ) က သူ့ကောင်မလေး နီလာဆွေထံ။ ထိုမှတခါ ကျနော်တို့ အတန်းပိုင်ဆရာမဆီ။ ထိုသို့ အဆင့်ဆင့်ရောက်လာခြင်း။

“မောင်ခင်မောင်ထွန်း၊ အတန်းရှေ့ကို ခဏထွက်ခဲ့ပါအုံး ”

တနေ့သား ကျောင်းတက်ခါစမှာပင် အတန်းပိုင်ဆရာမ ဒေါ်ခင်သန်းဝင်းက ခင်မောင်ထွန်းကို အ တန်းရှေ့ထွက်လာရန် ခေါ်လိုက်၏။ ပထမတော့ သာမန်ကိစ္စဟုသာ ကျနော် ထင်လိုက်မိသော်လည်း နောက်တော့မှ ကျနော့် ပယောဂပါမကင်းသည့်ပြဿနာမှန်း သိလိုက်ရ၍ ငါ့ကိုများအမှုလာပတ် နေ ဦးမလားဟု တထိတ်ထိတ်တွေးကာ စိုးရိမ်နေမိလေသည်။

“ကဲ မောင်ခင်မောင်ထွန်းက ဟောဒီ့ကဗျာလေးကို တတန်းလုံးကြားအောင်ဖတ်ပြလိုက်ပါအုံး”

စာဖတ်သူများခင်ဗျာ။ စဉ်းစားသာကြည့်ကြပါတော့၊ နဂိုကမှ စကားထစ်ရသည့် လောကကြီး တ ယောက် အပ်ကျသံကြားရလောက်အောင် တိတ်နေသည့် အတန်းရှေ့သို့ထွက်ကာ ကျနော့်ကဗျာကို ဖတ်ပြရ ရှာသည်မှာ ဘယ်လောက်ဝဋ်ဒုက္ခ ကြီးလိုက်ပါမည်နည်း။ ကျနော်ရေးမပြရက်တော့ပါ။

ကဗျာဖတ်ပြီးသွားစဉ်မှာတော့ ခင်မောင်ထွန်းကို ဆရာမက နှစ်ကိုယ်ကြားအဖြစ် တော်တော်ရှည်ရှည် ဝေးဝေးတွေ ပြောနေပါသေးသည်။ ကျနော်မကြည့်ရက်ရက်ကြည့်မိတော့ လက်ကိုပိုက်ခေါင်းကိုငုံ့ကာ ရပ်နေသည့် ကျနော့်သူငယ်ချင်း လောကကြီးခေါ် ခင်မောင်ထွန်း တယောက် မျက်ရည်စီးထွေကျ လျက်ပါတည်း။

“ငါ .. ငါ.. ရှက် ..ရှက် ရှက်လိုက်တာ မျောက်ညိုရာ၊ ဆရာမက ငါ့ ငါ့ကို ...”

ကျနော်တို့ အတန်းပိုင်ဆရာမသည် စာအသင်အပြကောင်းသလို ကျောင်းသားများအပေါ် နားလည်မှု ပေးလျက် မေတ္တာဖြင့်ချိုသာ သိမ်မွေ့စွာဆက်ဆံလေ့ရှိသော ဆရာတပါးဖြစ်ရာ ခင်မောင်ထွန်းကိစ္စကို ကိုင်တွယ်ပုံကလည်း အင်မတန်လှပသည်ဟု ကျနော်ထင်ပါသည်။ ထိုအသက် ထိုအရွယ်၌ဖြစ်တတ် သော သဘာဝတရားကိုလည်း ဆရာမကောင်းစွာ သဘောပေါက်ပုံရသည်။ စိတ်ကစားတတ်ကြ သည့် အရွယ်များမဟုတ်လား။

“ငါ့.. ငါ့ကို စာကြိုးစားတဲ့၊ အခုဖြစ်ခဲ့တာတွေ မေ့..မေ့..မေ့လိုက်တဲ့။ ကိုယ့်မိဘ ကိုယ့်ဘဝကို နားလည် ရင် ပြင်.ပြင်.ပညာတတ် ဖြစ်အောင်၊ မိဘအတွက်ရော ကိုယ့်ကိုယ်ကိုယ်အတွက်ပါ ဂုဏ် ဂုဏ်ရှိတဲ့လူ ဖြစ်အောင် ကြိုးစားတဲ့၊ စိတ်..စိတ်.မလေတော့ဘဲ ခုထဲ ကကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်တဲ့ ”

“ ဒါနဲ့ မင်းက ဘာလို့ ငိုနေရတာလဲ၊ နှာရေတွေလဲ ထွက်လို့ ”
“ ဟာ ငါ ငါလဲ ဝမ်း ..ဝမ်း ဝမ်းနည်းသွားတာပေါ့ကွ၊ ရှက် ရှက်လိုက်တာလဲ အလွန်ပဲ ”
“ ဒါနဲ့ ငါ့ကဗျာလေးကိုရော ဆရာမက ဘာပြောသေးလဲ ”
ကျနော်က သူ့ကိစ္စထဲမှ ကိုယ့်အတွက်လည်း အမြတ်ရှာရသေး၏။
“ က. က. ကဗျာလေးက ငါရေးတာလားတဲ့၊ ကောင်း..ကောင်းသားပဲ၊ သိမ်းထားတဲ့ ”
“ အားပါးပျော်စရာကြီး၊ ကျေးဇူးတင်လိုက်တာလောကကြီးရာ မင်းမျက်ရည်ကျရကျိုးနပ်သဟ”

ကျနော်က ဆရာမစကားကြားရ၍ပျော်နေသော်လည်း လောကကြီးကမူ မျက်နှာလေးငယ်နေမြဲဖြစ် ရာ “ဒီကိစ္စတွေမေ့လိုက်ပါတော့ကွာ” ဟု ကျနော်နှစ်သိမ့်လိုက်သေးသည်။ သူက “ဆရာမပြောတဲ့ အထဲမှာ ငါဟာ လက်သမားသားတဲ့။ ငါမို့လို့ သူ့ကိုမှန်းရက်တယ်လို့ နီလာဆွေက ဆိုသတဲ့၊ ငါ ငါ ရှက် ရှက် ရှက်လိုက်တာမှ အရမ်းပဲ ” ဟုဆိုလျက် မျက်နှာလေး ညှိုးမြဲ ညှိုးနေသည်။

“ဒီမှာခင်မောင်ထွန်း၊ လောကကြီးမှာ မင်းတခါပြောသလို ဂုဏ်က အရေးကြီးတယ်ဆိုတာ ငါလက်ခံ သွားပြီ။ ပြီးတော့ ဒီစကားကလဲ ဆရာမက မင်းကိုစာကြိုးစားစေချင်လို့ တမင်ထည့်ပြောတာမျိုး ဖြစ် ချင်ဖြစ်မှာ၊ ကဲ သူငယ်ချင်း ဒါတွေမေ့လိုက်တော့၊ မင်းတို့ငါတို့ ဘဝက ဂုဏ်မဲ့ငွေမဲ့တွေမဟုတ်လား၊ ဒီ အဖြစ်မျိုးက ကျွတ်အောင် ဒို့တွေ ကြိုးစားကြတာပေါ့လောကကြီးရာ၊ နော်ကွာသူငယ်ချင်း ”

ဤသည်ကား ကျနော်နှင့် ဘဝအခြေချင်း မကွာခြားလှသည့် လက်သမားဆရာကြီး တဦး၏သား ကျနော့် သူငယ်ချင်း ခင်မောင်ထွန်း ခေါ် လောကကြီး၏ ရင်နင့်ခါးသီးဖွယ်သော အရှုံးပွဲပါတည်း။

သူ့စကားနှင့်ဆိုလျှင်တော့ လောကကြီးကား ဂုဏ်ပကာသနတို့သာလျှင် အခရာပါတကား။
.....

သည်လိုနှင့် စာမေးပွဲဖြေဖို့ရက်မှာ နီးသထက်နီးလာရာ ကျောင်းတွေပိတ်တော့မည့်ကာလသို့ ရောက် လာခဲ့ချေပြီ။ ကျနော်တို့ကိုယ်စီ၏ စိတ်ထဲတွင် စာမေးပွဲတစ္ဆေနှင့်အတူ အလွမ်းဓာတ်က ပို၍ပို၍ ရစ် ပတ်ချည်နှောင် လာနေသည်။ ဒီနှစ်ကို ဘဝ၏အဆုံးအဖြတ်နှစ်ဟုလည်း မြင်နေသည်။ စာမေးပွဲကျ၍ နောင်တနှစ်ကျောင်း ပြန်တက်ရသည့်တိုင် ဒီဆရာ၊ ဒီဆရာမ ဒီသူငယ်ချင်းတွေနှင့် ဆုံကောင်းမှ ဆုံ ရပေတော့မည်။ (ဖွဟဲ့ လွဲစေဖယ်စေ)

ထိုအလွမ်းကိုဆယ်သောအရာကား အမှတ်တရအော်တိုစာအုပ်လေးများဖြစ်ပြီး တဦးနှင့်တဦး အပြန် အလှန်ဖလှယ်ရေးသားကာ အလွမ်းသယ်ခဲ့ကြသည်၊ စိတ်ကူးယဉ်တတ် လွမ်းတတ်နေပြီဖြစ်သည့် ကျနော်တို့မှာ စာအုပ်ကောင်းကောင်းလေးများ မဝယ်နိုင်သည့်တိုင် ကျောင်းသုံးဗလာစာအုပ်လေးကို ပင် ကောင်းနိုးရာရာအဖုံး လေးများရှာကြံဖုံး၍ အော်တိုစာအုပ်လေးအဖြစ် ဖန်တီးကြရသည်။ ထိုအထဲ တွင် ကျနော်တို့နှစ်ယောက်လည်းပါသည်ပေါ့။

ထိုအော်တိုစာအုပ်လေးများတွင် တတန်းတည်းသားချင်း တကယ်ခင်ခင်မခင်ခင် တကယ်ခင်ကြောင်း၊ သတိရနေမည်ဖြစ်ကြောင်းတွေပါပြီး နောင်တချိန်ချိန် ပြန်လည်ဆုံတွေ့ကြပါက မာနမကြီးကြေး ဆိုတာ မျိုးတွေပါသည့်အပြင် ရည်ရွယ်ချက်မှန်သမျှ အောင်မြင်ပါစေဆိုသည့် ဆုတောင်းမျိုးပါ ထည့်ရေးကြ ခြင်းဖြစ်သည်။ ဘာပဲပြောပြော ဟုတ်သော်ရှိမဟုတ်သော်ရှိ ပျော်ဖို့လွမ်းဖို့တော့ အ ကောင်းသား။

လောကကြီး၏စာအုပ်မှာတော့ ကျနော်က မင်းကို ငါတသက်မမေ့ဟု ခပ်တိုတိုရေးကာ ကျနော်တို့နှစ် ဦးကြား ရာဇဝင်ရှိခဲ့လေသည့် “စွယ်တော်အလွမ်း” ကဗျာကိုပင် တမင်ကျင့်ထားသော ကဗျာဆန်ဆန် လက်ရေးဖြင့် ရေးပြီး လက်မှတ်ပါ ထိုးပေးလိုက်သည်။

“ကဲ ငါ့အတွက်လဲ မင်း တခုခုရေးပေးအုံးလောကကြီး၊ မင်းကြိုက်တာသာ ရေး ”

အော်တိုစာအုပ်များသမိုင်းတွင် ရှိခဲ့ဖူးလေသလားတော့မသိ။ လောကကြီးက “ငါ့ကို ဒီည မင်းစာအုပ် ပေးလိုက်ကွာ၊ ညကျမှ ငါစဉ်း စားပြီးရေးပေးမယ်” ဆို၍ ကျနော် ပေးလိုက်ရသည်။

နောက်နေ့ကျတော့ သူ့စာကို သည်သို့ ကျနော်ဖတ်ရ၏။

“ အချစ်ဆုံးသူငယ်ချင်း မျောက်ညို ”

ငါ တညလုံးအိပ်မပျော်ဘဲ ဒီစာကိုရေးလိုက်တယ်၊ မင်းနဲ့ခွဲကြရတော့မှာ မကြာခင်ပဲလို့သိနေရတော့ ငါလွမ်းလိုက်တာကွာ။ ငါအဖြစ် ချင်ဆုံးဆန္ဒတခုကို ငါရေးလိုက်တယ်။ ဒါကတော့ နောင်လာမယ့် နှစ် ၂ဝ လောက် မှာ ငါတို့အသက်တွေ ၄ဝ နီးပါးရှိမှာပေါ့။ ဒီအချိန် မှာ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ငါ တခါ ပြန်ဆုံချင်တယ်။ ဒို့တွေ ဘယ်ဘဝရောက်ရောက် ဘယ်နေရာကိုရောက် ရောက်နေပါစေ တခါ လောက် ပြန်ဆုံချင်တယ်ကွာ။ စိတ်ကူးယဉ်လိုက်တာလို့ မင်းထင်မှာပါသူငယ်ချင်း။ ဘာပဲဖြစ်ဖြစ် ငါ့ ဘဝမှာ ဘယ်လိုမှမမေ့နိုင်တဲ့ ချစ်သူငယ်ချင်းတယောက်ကို ငါပြန်ဆုံနိုင်ဖို့ မင်းလဲကြိုးစားမယ်လို့ ငါ ယုံနေပါတယ်။

ဒီတော့ အနှစ်၂ဝ ပြည့်မယ့် ၁၉၉၅ ခုနှစ်၊ မှတ်ရလွယ်တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ ဆုံရလွယ်တဲ့ မဟာဗန္ဓုလပန်းခြံရှိရာကို မနက် ၁ဝ နာရီတိတိ မရောက်ရောက်အောင်လာခဲ့ပါလို့ ငါတောင်းဆိုပါ တယ် သူငယ်ချင်း။ ငါကိုယ်တိုင်လဲ အဲဒီ့နေ့အဲဒီ့အချိန်ကို မရောက်ရောက် အောင်လာခဲ့ပါ့မယ်လို့ က တိပေးပါတယ်သူငယ်ချင်း။

မင်းကိုချစ်တဲ့ မင်းသူငယ်ချင်း
ခင်မောင်ထွန်း(သို့မဟုတ်)
လောကကြီး
၅.၃.၁၉၇၅

ပင်ကိုယ်လက်ရေးဝိုင်းစက်စက်မှာ မှင်စိမ်းဖြင့်ရေးထားသည့်သူ့စာကိုဖတ်ရင်း ကျနော်ပင် လွမ်းမောမိ သလိုလိုဖြစ်ခဲ့ရကာ တော်တော် နှင့် စကားမပြန်နိုင်ခဲ့။ သူကဘေးမှာထိုင်ရင်းက “မျောက်ညို ငါ ငါ ငါ တကယ်ပြော တာကွ၊ ငါ မင်း မင်းကို အသက် ၄ဝ လောက်မှာ ပြန်တွေ့ချင်သေးတယ်ကွာ။ ၄ဝ မှ ဘဝစတယ်လို့ဆိုတယ် မဟုတ်လား” ဟု ပြော၏။ ကျနော် သူ့မျက်နှာကိုကြည့်မိတော့ သူ့မျက်လုံး အိမ်မှာ မျက်ရည်စိုစို သီသီဝေ့လျက်။

“ကဲပါကွာ ဝမ်းနည်းမနေပါနဲ့၊ နောက်အနှစ် ၂ဝ ဟုတ်လား၊ ငါ မင်းပြောသလို ဆက်ဆက်လာခဲ့မယ် ကွာ၊ ခုတော့ စာမေးပွဲအတွက်ပဲ ဒို့ပြင်ဆင်ကြတာပေါ့၊ ဟိုမှာကြည့်စမ်း၊ စိန်ပန်းပင်တွေ ပွင့်တော့မယ် တွေ့လား၊ ဒါ စာမေးပွဲဖြေရတော့မယ့်နိမိတ်ပဲ၊ ခုချိန်ကစပြီး ဒို့ပြင် ဆင်ကြစို့”

ကျနော်က ကျောင်းခြံစည်းရိုးရှိ စိမ်းရင့်ခက်ဖြာရာမှ ရဲရဲနီနီပွင့်လေတော့မည့် စိန်ပန်းပင်တန်းရှိရာသို့ သူ့ကိုထိုးပြကာ အားတင်းပေးလိုက်တော့ ခင်မောင်ထွန်း၏လောကသည် ရဲရင့်မှန်ကန်ခြင်းဆီသို့ ရောက်သည်ထင်၏။ ထိုနှစ်က ရူပသင်္ချာနှစ်ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းတည်းဟူသော နက်ရှိုင်း လှသည့် ဂမ္ဘီရ ချောက်ကမ်းပါးကြီးကို အောင်မြင်စွာ သူကျော်လွှားသွားနိုင်ခဲ့ပါလေသည်။
.....

(၂)
နှစ်လရာသီ နာရီရထားသည်ကား သူ့ခရီးစဉ်အတိုင်း မှန်မှန်ကြီးချီတက်မောင်းနှင်မြဲမောင်းနှင်နေရာ ၉ဝ ခုများသို့ပင် စွန်းခဲ့ချေပြီ။ ကာလယန္တရားကြီးသည်လည်း ကျနော်တို့ကိုယ်စီကိုယ်စီကို တူရာတန် ရာဘဝဇာတ် ခုံအသီးသီးသို့ သူ့မှာတာဝန်မကင်းလေသည့်နှယ် တွန်းတင်ပို့ခဲ့လေပြီ။ ကျနော်ပင် စာ ရေးသူတပိုင်း အယ်ဒီတာတပိုင်းဘဝဖြင့် မိမိစိတ်နှလုံးသားမွေ့ပျော်ရာ စာပေနယ်တွင် နစ်မျောနေ ခဲ့ရာ နှစ်အတန်ကြာရှိခဲ့ပြီ။

တနေ့မှာတော့ မင်္ဂလာဒုံဘက်ရှိ စာရေးဆရာတဦးနှင့်တွေ့ရန်အသွား မင်္ဂလာဒုံဈေးတွင် “ဟေ့ကောင် မျောက်ညို ဘဖေငြိမ်း” ဆိုသည့် ခေါ်သံကြောင့်လှည့်ကြည့်ဖြစ်ရာ လေတပ်ယူနီဖောင်းဝတ်စုံနှင့် လူ တယောက်။
“ဟာ ဝင်းတင်၊ သူငယ်ချင်း ”

ကျနော် သူ့ရှေ့မှဖြတ်လာခဲ့ခြင်းဖြစ်သော်လည်း တပ်ယူနီဖောင်းနှင့်ဖြစ်နေ၍ သတိမထားမိခဲ့။ ရှစ် လေးလုံးအရေးတော်ပုံကြီးပြီးစ ပူပူနွေးနွေးကာလမို့ ယူနီဖောင်းဝတ်မှန်သမျှနှင့် ဝေးဝေးမှနေချင်ရာ သူ့ကို သတိမထားမိခဲ့ခြင်းဖြစ်မည်။

ကျနော်တို့နှစ်ဦးသား နီးရာကဖေးဆိုင်လေးတွင် ခဏတာဝင်ထိုင်ဖြစ်ကြရင်း ကိုယ့်အကြောင်း သူ့အ ကြောင်းတွေပြောကြရာမှ လောကကြီးခေါ် ခင်မောင်ထွန်း အကြောင်းလည်းပါလာသည်။ တိရစ္ဆာန် ဆရာဝန် ဖြစ်နေသည့် ခင်မောင်ထွန်းက ရန်ကုန်တဖက်ကမ်းမြို့တမြို့တွင် အိမ်ထောင်ရက်သား ကျလျက် အခြေကျနေပြီဆို တာလောက်တော့ ကျနော်တို့သိသည်။

“မင်းနဲ့ရော အဆက်အသွယ်ရှိသေးလား” ဟု ဝင်းတင်ကမေးတော့ ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ ဖြေအပြီး ခင်မောင်ထွန်းနှင့် ကျနော်တို့ အပြန်အလှန်အိမ်လိုက်လည်ခဲ့ကြပုံ၊ ကျောင်းပိတ်ပြီးနောက် သုံးလေးလ လောက်အထိလည်း ကျနော့်ဆီ စာအဆက်မပြတ်ရေးခဲ့ပုံနှင့် တိမွေးကုတက္ကသိုလ်တက် နေစဉ်မှာလည်း ကျဲကျဲတခါ စာရေးလေ့ရှိသည်တို့ကို ပြောပြဖြစ်သည်။ နောက်ပိုင်းတော့ အဆက်အ သွယ်လုံးဝပြတ်သွားသည်။

“ငါ့ဆီစာလာတိုင်း သူ တက္ကသိုလ်တက်ရတာ တော်တော်ခက်ခဲတာတို့၊ သူ့အဖေက ကျန်းမာရေး မကောင်းတဲ့ကြားကနေ သူ့ကို ဘွဲ့မရရအောင်ကြိုးစားခိုင်းတယ် ဆိုတာတို့၊ ကျောင်းမှာ ငွေကြေးချို့ ချို့တဲ့တဲ့နဲ့ သူမျက်နှာငယ်ရတာတို့၊ တကယ်တော့ ဒီပညာတွေတတ် မြောက်ဖို့သင်ယူနိုင်တဲ့ လူ တန်းစားက ငါတို့မဟုတ်ဘူးဆိုတာတို့၊ ဒါတောင် ဆေးကျောင်းများအမှတ်မီရင် သူတက်နိုင်မှာ မ ဟုတ်ဘူး ဆိုတာတို့၊ စုံနေတာပါပဲကွာ၊ ဒါတွေဟာ စနစ်ကြီးတခုလုံးရဲ့ အားနည်းချက်ပဲ၊ ပညာရပ် တိုင်းကို လူတကာသင်နိုင်ရမယ်တဲ့။ သူငါ့ဆီ တရားလှမ်းလှမ်း ဟောနေသေးတာ”

ဝင်းတင်က ကျနော့်စကားဆုံးတော့ ပြုံးထေ့ထေ့လုပ်ကာ
“မင်းငယ်ငယ်ကပြောခဲ့တဲ့ဒိုင်ကြောင်တွေနဲ့ မင်းကို တရားပြန်ဟောတာ နေ မှာပေါ့၊ တကယ်လဲ သူက ဘဝနာတယ်လေကွာ၊ ဒို့တွေ ဘာထူးလဲ” ဟု ဆိုသည်။

“ဒါနဲ့မင်းနဲ့ရော ထပ်တွေ့သေးလား”
ဟုမေးတော့ ဝင်းတင်က သူနှင့်လည်းမတွေ့တာကြာပြီဖြစ်ကြောင်း
“ဒီလိုပဲကွာ၊ ကိုယ့်ဘဝ ကိုယ့်လမ်းနဲ့ကိုယ် လျှောက်နေကြရတာပဲသူငယ်ချင်း” ဟုပြောသည်။
ဝင်းတင်မှာ ကလေးနှစ်ယောက်ဖခင်ပင် ဖြစ်နေပြီ။ စစ်တပ်ကထွက်လိုသော်လည်း ထွက်ခွင့်မရ၍ စိတ် ပျက်မိကြောင်း ညည်းပြော လေးလည်း ပြောသွားသေးသည်။

ခွဲကြမည်လုပ်တော့ ဝင်းတင်က “မျောက်ညို၊ မင်းခင်မောင်ထွန်းဆီ တခါလောက် သွားလည်ဖို့ ကောင်းတယ်ကွ၊ သူ တော်တော်ချမ်းသာနေပြီလို့ ငါကြားတာပဲ” ဟု ဆိုသည်။ ဝင်းတင် အပြော ကြောင့် အထက်တန်းကျောင်းသားဘဝက ခပ်ညှိုးညှိုးမျက်နှာလေးနှင့် နေတတ်ခဲ့လေသော၊ ပိုက်ဆံ ရှိ မိန်းကလေးတယောက်အတွက် အတန်းရှေ့ထွက်ကာ မျက်ရည်တတွေတွေ ကျခဲ့ရဖူးလေသော ပြီးတော့ ကျနော့် အပေါ်တွယ်တာလွန်းလှသော လောကကြီး၏ ငယ်ဘဝပုံရိပ်ကို ပြန်မြင်နေမိသည်။ တွေးကြည့်တော့ သူချိန်းဆိုခဲ့ဖူး လေသည့် ၁၉၉၅ လွတ်လပ်ရေးနေ့ပင် တဖြည်းဖြည်းနီးလာကော ဟု သတိထားမိလိုက်၏။
.....

လူ့လောကကြီးကပဲ ဆန်းကျယ်တာလား ကျနော့်သူငယ်ချင်းလောကကြီးကပဲ ဆန်းကျယ်သွားခဲ့လေ သည်လားတော့ ဝေခွဲမပြတတ်တော့။

ထိုနေ့ မှတ်မှတ်ရရ သက္ကရာဇ် ၁၉၉၅ ပြည့် ဇန်နဝါရီ (၄) ရက်နေ့မနက် နှင်းတွေမကွဲမီမှာပင် ရန် ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိရာသို့ ကျနော် တကယ်ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။ မနက်ကိုးနာရီ မထိုးမီကပင် စောစောစီးစီးကြိုရောက်နှင့်ကာ ကျနော့်သူငယ်ချင်း လောကကြီးခေါ် ခင်မောင်ထွန်းကို စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

တကယ်တော့ လွန်ခဲ့သော နှစ် ၂ဝ က ငယ်ရွယ်သူတို့၏စိတ်ကူးယဉ်မှုသည် အသက်အရွယ် ရင့်ကျက် လာသည်နှင့်အမျှ အိပ်မက်ပုံ နှယ် တရေးနိုးအထတွင် ပျောက်ပြယ်သွားတတ်ကြသည် မဟုတ်လား။ ဒါကို ကျနော် မမြင်မတွေးနိုင်ခဲ့သည်မဟုတ်။ သို့တိုင် ကျနော့် သူငယ်ချင်း၏ မျက်ရည်သီသီဝေ့နေ လေသည့် ငယ်ဘဝရုပ်ပုံလွှာကို မြင်ယောင်မိတိုင်း ကျနော့်၏တွေးထင်မှုများက အလိုလိုပျယ်လွင့် မှေး မှိန်၍သာ သွားလေမြဲ။

ထိုရက်မတိုင်မီ တလလောက်ကလည်း ခင်မောင်ထွန်းကြီးပျင်းခဲ့ရာ မြောက်ဥက္ကလာပ၏မြို့စွန်ကျကျ ရပ်ကွက်လေးသို့ ကျနော်ရောက် သွားခဲ့သေး၏။ မိတ်ဆွေစာရေးဆရာတယောက်၏ ကျန်းမာရေးသ တင်းကိုမေးရင်း အားပေးစကားလည်းပြောရင်း ရောက်ခဲ့ခြင်းဖြစ်သည်။ စိတ်ထဲတွင် ခင်မောင် ထွန်းတို့ အိမ်အနားတဝိုက်ဟု ထင်မိသည်နှင့်မေးမြန်းကြည့်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် သွား တွေ့သည်။

ခင်မောင်ထွန်း ကျောင်းသားဘဝကနေခဲ့သည့် ယခင်အိမ်တော့မဟုတ်။ တထပ်တိုက်ပြားပြားလေး ဖြစ်သွားပြီ။ သို့သော် သူ့ဖခင် လက်သမားဆရာကြီးကတော့ မရှိတော့ပြီ။ မိခင်ဖြစ်သူကတော့ သူ့သား သူငယ်ချင်းဖြစ်သည့် ကျနော့်ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံရှာသည်။ သူ့သားရောက်မ လာတာ ကြာပြီဟုလည်း အလွမ်းသံ သဲ့သဲ့နှင့် ဆို၏။

“သူက ဆရာဝန်ကြီး သူဋ္ဌေးကြီးလေကွဲ့၊ အမေတို့ဆီ ခဏခဏဘယ်လာချင်ပါ့မလဲသားရဲ့၊ လာချင်ရင် အနီးလေး၊ မလာချင်ရင်သာ ခရီးဝေးတာမဟုတ်လား” ဟု မျက်ရည်စွက်လျက် ပြောသည်။ ရန်ကုန် တဖက်ကမ်းမှ သိပ်မဝေးလှသည့် ခင်မောင်ထွန်းရှိရာမြို့ကို ရည်ညွှန်းပြောခြင်းဖြစ်ဟန်ရှိသည်။

ထိုညတွင် ကျနော်တို့ဆယ်တန်းကျောင်းသားဘဝက ကျနော့်အော်တိုစာအုပ်လေးထဲမှာ သူရေးခဲ့သ လို ၁၉၉၅ ဇန်နဝါရီ (၄) ရက်နေ့ နံနက် ၁ဝ နာရီတွင် သူချိန်းဆိုရာဆီသို့ မပျက်မကွက်သွားစောင့် နေမည့် အကြောင်း သူ့အမေပေးလိုက်သည့်လိပ်စာကိုတပ်ကာ ခင်မောင်ထွန်းဆီ စာတစောင်ရေး လိုက်သည်။

ငယ်ငယ်ကလို လွမ်းအားပိုတတ်သေးရင်တော့ လောကကြီးတယောက် မလွဲမသွေပေါက်ချလာမှာ ပဲဟု ကျနော်ထင်နေသည်။ ဒီကောင်လာမည်။ လောကကြီး ပေါက်ချလာမည်ဟု ကျနော်ယုံနေသည်။ သို့သော်....

ထိုနေ့ကမွန်းတည့်ချိန်ထိတိုင် ကျနော်စောင့်မျှော်နေခဲ့သော်လည်း ခင်မောင်ထွန်း ပေါ်မလာခဲ့။ တခု သောလွတ်လပ်ရေးနေ့၏ မွန်းတည့်နေရောင်အောက်မှာ ကျနော်သာ ခြောက်သွေ့နွမ်းလျစွာ လှည့် ပြန်လာခဲ့ရပါသည်။ နှစ်ပရိစ္ဆေဒများကား အရာရာကို ပြောင်းလဲပြုပြင် စီရင်နိုင်တတ်လေသည့် သ ဘောပါတကား။ အော် လောကကြီးကား ဆန်းကျယ်လွန်းလှသည်ဟု ဆိုနိုင်လေမလား သူငယ်ချင်း။
.....

(၃)
စင်စစ် ကျနော်နှင့်ခင်မောင်ထွန်းတို့အကြောင်းက ဒီမှာပင် နိဂုံးချုပ်သင့်သည်။ ငယ်စဉ်တုန်းက က လေးကလားကိစ္စတွေ စိတ်ကူးယဉ်တွေထားလိုက်ပါတော့ဟု ပြောကောင်း ပြောနိုင်မည်ဖြစ်သည်။

သို့သော် ပြဿနာက ကျနော်ကိုယ်တိုင်ပင်။ ဘာဖြစ်လို့မှန်းမသိ၊ ကျနော့်စိတ်ထဲတွင် ခင်မောင်ထွန်း နှင့် အကြောင်းသည် တိုက်ဆိုင်မှု တခုခုနှင့်ကြုံရလေတိုင်း လွမ်းလွမ်းကြဉ်ကြဉ်ဖြစ်ကာ တမြမြခံစား နေရဆဲ။ လွတ်လပ်ရေး နေ့ရက်များတွင်ဆိုလျှင် ခင်မောင်ထွန်းကို ကျနော်သတိမရမိဘဲ မနေ။ ကျနော့်ကိုယ်ကျနော် မရင့်ကျက်သေးသူဟုပင် ပြန်မြင်နေမိသည်။ လူတို့သည် အသက်အရွယ်ရလာ ကြသည့်အခါ တခုခုသောကိစ္စရပ်အပေါ် တွေးမြင်ခံစားပုံ ပြောင်းလဲသွားတတ်လေသော်ငြား ကျနော့် မှာ ငယ်စဉ်ကျောင်းသားဘဝက ခင်မောင်ထွန်းတောင်းခံခဲ့သည့် ကတိတခုကို ယခုအသက် ၄ဝ ဝန်း ကျင်ရောက်သောအခါမှ ကျနော်မှာ ပို၍တလေးတနက် ခံစားနေမိသည်။

ငယ်ဘဝစိတ်ကူးများကို အလေးထားမှုထက် ကတိဆိုသည့်စကားတွင် ကျနော့်မှာ လေးနက်နေမိခြင်း ဖြစ်သည်။ ပြီးတော့ ခင်မောင်ထွန်း က ဘယ်လိုစိတ်ကူးနှင့် လွတ်လပ်ရေးနေ့တနေ့ကို ချိန်းဆိုခဲ့မှန်း မသိသော်လည်း (သူက မှတ်ရလွယ်၍ဟုဆိုခဲ့သည်) ကျနော်က လွတ်လပ်ရေး၏ အနက်အဓိပ္ပာယ်ကို ပါ ယှဉ်တွဲခံစားနေမိခဲ့သည်။

အကယ်၍ ခင်မောင်ထွန်းချိန်းဆိုခဲ့သော နေ့တနေ့သည် လွတ်လပ်ရေးနေ့မဟုတ်ခဲ့ပါက ကတိဆို သော စကားလုံးပေါ်တွင်လည်း ဤ၍ဤမျှ ကျနော်ခံစားနေခဲ့မည် ဟုတ်မဟုတ် မသေချာတော့။

ထို့ကြောင့်ပင် ထိုနေ့ကို ကျနော့်ဘက်မှ ကတိရှိခဲ့သည့်အတိုင်း သွားခဲ့ပြီးပြီ။ ခင်မောင်ထွန်း ရောက် မလာခဲ့သော်လည်း ကိစ္စတခုပြီးသွားပြီဟု ကျနော်မထင်မိ။ ကတိဆိုသောစကားတလုံးက ရင်ထဲထိ တိုင်ကျယ်လောင်စွာ ပဲ့တင်ဂယက်များထနေဆဲ။ ကျနော့်စိတ်မှာ မချင့်မရဲခံစားနေရဆဲ။ သူရောက် လာခဲ့ခြင်းမရှိသည့်အပေါ် ကျနော် စိတ်ခုခြင်းကွက်ခြင်းမျိုး အလျဉ်းမဖြစ်ခဲ့။ နှစ်ပေါင်း ၂ဝ ဆိုသော အ ချိန်သည် လူတယောက်၏ဘဝကိုထားတော့၊ ခေတ်ရေစီးခေတ်သမိုင်းများကိုပင် တသွင်သွင် စီးဆင်း ပြောင်းလဲသွားကြပြီ မဟုတ်ပေလား။

သည်လိုနှင့် ထိုနှစ်၏မတ်လတနေ့တွင် ရန်ကုန်တဖက်ကမ်းမှ မိုင် ၃ဝ လောက်ကွာလှမ်းသည့် ကျနော့် သူငယ်ချင်းတိရစ္ဆာန် ဆရာဝန် ရှိရာမြို့ကလေးဆီသို့ ကျနော်အမှတ်မထင်ရောက်ဖြစ်သွားအောင် အ ခြေအနေတခု ဖန်လာခဲ့လေသည်။

ကျနော်တို့မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာက သူ့မွေးရပ်မြေသို့ ကိစ္စတခုနှင့်ပြန်စရာရှိသည်။ “မောင်ရင် လိုက်ခဲ့ပါလား၊ ကိုယ်တို့လက်ခုပ် ကုန်းဘက်လည်း သွားကြတာပေါ့” ဟုဆိုလာ၍ မြို့ပြ၏မွန်းကျပ်မှု များအကြား လက်ပမ်းကျချင်ချင်ဖြစ်နေသည့်ကျနော့်အတွက် အဆင်သင့်သွားခဲ့ရသည်။ ပို၍အဆင် သင့်ခဲ့လေသည်က ထိုမြို့လေးမှာ ကျနော့်သူငယ်ချင်း လောကကြီးရှိနေသည့် မြို့။

မြို့ကလေးသို့ဆိုက်ရောက်သည့် ထိုနေ့ညနေခင်းလေးမှာပင် ကျနော်တယောက်ထဲ ခင်မောင်ထွန်း အိမ်ကိုရှာရန် ထွက်လာဖြစ်သည်။ ပင်လယ်နှင့်နီးသောအရပ်မို့ ပင်လယ်၏ရနံ့သည် မြို့ကလေးဆီ၌ ပျံ့သင်းနေသည့်အပြင် လေညင်းသည်လည်း လတ်ဆတ်လွန်းလှသည်ဟု ခံစားမိ၏။ အိမ်တိုင်းလို လိုတွင် အုန်းလက်ဖားဖားများ လွှမ်းခြုံနေရာ တမြို့လုံးသည် စိမ်းမြလျက်။

ကျနော့်သူငယ်ချင်း တိရစ္ဆာန်ဆရာဝန်၏အိမ်သည် ကျနော့်ကိုလွယ်လွယ်ကူ ဆိုက်ရောက်စေပါသည်။ သူ့ဂုဏ်သတင်းကား ကျယ်ကျယ်ပြန့်ပြန့်ရှိလှသည်။ သူ့ဘဝအခြေအနေညွှန်းကိန်းကလည်း လမ်းမ ပေါ်က ကြည့်ရုံမျှနှင့်ပင် မှန်းဆနိုင်ပြီ။ ခြံဝန်းကျယ်ကြီးတခု အလယ်တွင် သူ့ရိပ်မြုံတိုက်ဝါဝါကြီးက ထည်ဝါလှဘိ၏။ ဆင်ဝင်တွင် အမိုးကိုင်းတပ် အဖြူရောင်ပါဘလစ်ကာ ကားတစီးထိုးရပ်ထားသည်။

“ဆရာရှိလိမ့်မယ်ဗျ၊ သူ့ကားရှိတယ်” ဟု ဆိုက္ကားဆရာလေးကပြောတော့ ရင်မှာ သိမ့်ခနဲလှိုက်သည်။ နှစ်ပေါင်း ၂ဝ ကျော်ဝေးကွာ လှမ်းခဲ့ပြီဖြစ်သည့် ငယ်သူငယ်ချင်းတယောက်နှင့် ဆုံတွေ့ရမည်မဟုတ် လား။

“ဘာကိစ္စ ရှိလို့လဲရှင့်”

စိနတိုင်းသွေးနှောဟန်ရှိသည့် အသားဖြူဖြူ အမျိုးသမီးတဦးက ဆင်ဝင်ပေါက်ရှေ့ရပ်နေသည့် ကျနော့်ကိုမေးသည်။ ကျနော် ကိုခင်မောင်ထွန်းနဲ့ တွေ့ချင်လို့ပါဟု ဖြေတော့ ထိုအမျိုးသမီးက အိမ်ဘက်သို့ ခေါင်းကိုငဲ့ကာ ..

“ဆရာရေ၊ ရှေ့မှာ ဧည့်သည်ရောက်နေတယ် ” ဟုဆိုကာ အိမ်တွင်းသို့ပြန်လှည့်ဝင်သွား၏။

ခဏနေတော့ အထဲကနေ သူထွက်လာသည်။ ခင်မောင်ထွန်း၊ ကျနော့်သူငယ်ချင်း လောကကြီး။ သူ့ အကြည့်သူ့မျက်လုံးများက ခပ်ငယ်ငယ်ကနှင့် မယွင်းမခြား။ အနည်းငယ်ဝလာသည်မှအပ မမှတ်မိစ ရာတစက် လေးမှမရှိသည့်ငယ်ရုပ်။

“ဘာ ဘာ ဘာကိစ္စ”
သူက ခပ်အမ်းအမ်းအမူအရာနှင့်ကျနော့်ကို အကဲခပ်သလိုကြည့်ကာ မေး၏။

“သူငယ်ချင်း၊ ကိုယ်လေ မမှတ်မိဘူးလား၊ သေသေချာချာကြည့်ပါအုံး”

ကျနော်က သူ့ကိုမချင့်မရဲဖြစ်ကာ ရင်းချာသည့်လူချင်းမှတ်မိလွယ်မည့် ကျနော့်မူဟန်နှင့် ဆိုလိုက်၏။
သို့တိုင် သူဝေခွဲနိုင်ပုံမရ။ ခဏနေမှ ..

“အော် .. သိ သိ သိပြီ မင်း မင်း မျောက်ပေါ”

“သေလိုက်ပါတော့ လောကကြီးရာ ကိုယ်မျောက်ပေါမဟုတ်ပါဘူး မျောက်ညိုလေ၊ ဘဖေငြိမ်းလေ ကွာ”

ကျနော့်၏ဖက်လှဲတကင်းရှိလှသည့်ပြောပုံကြောင့် သူ့မျက်နှာအနေခက်သွားသလိုဖြစ်ရာမှ ..
“ဝင်ပါ ဝင်ပါ အိမ်ထဲဝင်ပါ” ဟု ဆိုသည်။ သို့တိုင် သူ့အသံက မိုင်ပေါင်းများစွာဝေးရာမှ ခက်ခဲလှစွာ လွင့်လာခဲ့ရသည့်နှယ် တိုးတိုးလျလျ။

ဧည့်ခန်းဆက်တီတွေပေါ် ထိုင်ဖြစ်ကြတော့ ဧည့်ခန်းမလယ်တွင် ဘွဲ့ဝတ်စုံနှင့် လောကကြီး၏ဓာတ် ပုံကြီးက ကျွန်းသားဘောင်ခံလျက် တဖိတ်ဖိတ်တောက်ကာ ခန့်ညားထယ်ဝါနေသည်ကို သတိထားမိ ၏။ အခြားဓာတ်ပုံ များဆီအကြည့်ရောက်တော့ စောစောက ကျနော့်ကိုထွက်မေးသည့် အမျိုးသမီးမှာ လောကကြီး၏ချစ်မငြီးသည့် ဇနီးသည်ပေပါတကားဟု အသိရောက်၏။ အခြားဓာတ်ပုံများမှာတော့ သူ တို့ဇနီးမောင်နှံနှင့်အတူ သားနှင့်သမီးဟုထင်ရသည့် ကလေးငယ် ၂ ဦးတို့စုလျက် ရိုက်ထားသည့် ပုံများ။ ခင်မောင်ထွန်း၏ ဘွဲ့ဝတ် စုံနှင့် ဓာတ်ပုံကြီးနှယ် တဖိတ်ဖိတ်လဲ့နေသည့် အခြားဓာတ်ပုံကြီး ၂ ပုံတွင်မူ သူ့ဇနီးကျော့ကျော့၏ မိဘများဖြစ်ပုံရသည့် စိနတိုင်းရုပ်သွင်အပြည့်ရှိ သက်ကြီးပိုင်း မောင်နှံ နှစ်ဦးတို့၏ပုံ။ ဓာတ်ပုံကားချပ်ကြီးများအောက်တွင်ရှိသော မဟော်ဂနီသွေးထနေသည့် ကျွန်းစား ပွဲပေါ်တွင်မူ တယ်လီဖုန်းနှင့် ပန်းအိုးတလုံးကိုယှဉ်တွဲထားသည်။

ခင်မောင်ထွန်းမှာ ချမ်းသာကြွယ်ဝသော မိသားစုတခု၏အလည်ဗဟိုတွင် နေသားကျနေခဲ့ပြီဟု မှန်းရ ၏။
“မင်း မင်း ကိစ္စရှိလို့လား မျောက် မျောက်၊ အဲ မင်းနံမည် အဲ ဟို ဘ ဘ ဘ”
သူ ကျနော့်အမည်ကို မေ့မေ့လျော့လျော့ဖြစ်နေကာ ပင်ကိုယ်ထစ်ရသည့်အထဲ အခက်တွေ့နေပုံရ သည်။
“ ကိုယ် ဘဖေငြိမ်းလေကွာ၊ မျောက်ညိုလေ ”
“ အော် အေးအေး၊ ပြော ပြောကွာ သူငယ်ချင်း၊ မင်း မင်းကိစ္စ ”

ခင်မောင်ထွန်း ဖြစ်နေပုံကိုကြည့်ကာ မှန်တာပြောရလျှင် ကျနော် တော်တော် စိတ်ညိုသွားသည်။ ကျနော့် အပေါ် သူ့မှာ စိမ်းစိမ်းစက် စက်နိုင်လှသည်ဟု ထင်မိ၏။ စကားပင် ဘယ်လိုဆက်ရမှန်းမသိ ဖြစ်ရသည်။ ဒါပေမင့် ကျနော် စိတ်ကိုရှည်ရှည်ထားကာ ငယ်ဘဝ ငယ်အကြောင်းလေးတွေ တစချင်း ပြန်ပြောရသည်။ မြောက်ဥက္ကလာပ အထက (၁) ကျောင်းတော်ကြီးမှအစချီကာ ကိုးတန်းဆယ်တန်း ကျနော်တို့ အတူနေခဲ့ကြပုံ ဆုံခဲ့ကြရပုံတွေကို ပြောပြရသည်။ ကျနော့်မှာ အတိတ်ကိုမေ့နေသူနှင့် ပြောဆိုနေရဘိသည့်အလားဟု ဘာသာထင်နေမိသည်။

“ငါ ငါ မှတ်မိပါတယ်၊ ငါက မင်း မင်း တမင်လာလည်တာလားလို့ သိ သိချင်လို့ပါ ”
“တမင်လာလည်တယ်ပဲဆိုပါတော့သူငယ်ချင်း၊ ငါ မင်းဆီ တလောက စာရေးသေးတယ်လေ၊ ရလား”

သူ ခဏတွေသွား၏၊ ပြီးမှ “ အော်..ကျော့ကျော့တော့ ပြောပြောတယ်ကွ၊ ငါ သိပ်မအားတာနဲ့ မ မ မ ဖတ်မိဘူး၊ အင်း ဆို ဆိုပါအုံး မင်းဘာတွေ ရေး ရေးထားလဲ ”

သို့နှင့်ကျနော်က လွန်ခဲ့သည့် နှစ် ၂ဝ လောက်က အော်တိုစာအုပ်တွင် သူနှင့် ကျနော် အချိန်းအ ဆက်ပြုခဲ့သည့် အကြောင်းပြောပြဖြစ်သည်။ ထိုချိန်းဆိုမှုအတိုင်း ကျနော်ရောက်လာပါမည်ဟုလည်း ထိုစာတွင် ထည့်ရေး ထားသည်ကို ပြောပြဖြစ်သည်။

“ကိုယ်စိတ်ထဲမှာ ငယ်ငယ်တုန်းက စကားပေမယ့် စွဲနေတယ်ကွာ၊ ဒါကြောင့် မင်းကိုသွားစောင့်ခဲ့တာ”
သူ ကျနော့်ကိုတွေတွေကြီးကြည့်နေသည်။ တော်တော်ကြာကြာအထိ ငေးငူကာကြည့်နေခဲ့သည်။

ဧည့်ခန်းမျက်နှာကျက်ဆီမှ ပန်ကာသည် တဝှီးဝှီးမြည်ကာ လည်နေ၏။ ခင်မောင်ထွန်းသည် ဘာ မှမဆိုနိုင်သေး။ သူ့စိတ်အစဉ်သည် အတိတ်တနေရာသို့ရောက်ကာ ပန်ကာရဟတ်များနှယ် လည် နေပြီလား မဆိုနိုင်။

အတန်ကြာတော့မှ သူ ပြောလာ၏။
“အေးကွာ ငါ မင်း မင်းနဲ့ချိန်းထားတာ ရေးတေးတေး မှတ် မှတ်မိသလိုပဲ၊ စောရီးကွာ”

သည့်နောက်မှာတော့ သူစကားတွေ ပြောသည်။ ကျနော့်အကြောင်း ကျနော့်အခြေအနေကိုလည်း မေး သည်။ အော် မင်းက တကယ်ပဲ စာရေးဆရာ ဖြစ်နေတာကိုး ဟုပြောတော့ ကျနော့်မှာ လိပ်ပြာမလုံလှ။ ကျနော်က စာရေးခြင်းထက် စာပေထုတ်ဝေးရေးလုပ်ငန်းမှာသာ ပိုပြီးကျင်လည်ရသူ မဟုတ်လား။

အိမ်ထောင်မကျသေးတာလည်း တမျိုးကောင်းတာပေါ့ကွာ ဟုဆိုတော့ ကျနော်ပြုံးနေလိုက်သည်။

ထို့နောက်မှာတော့ ကျနော့်သူငယ်ချင်း လောကကြီးသည် သူမြင်သည့် လောကကြီးအကြောင်းကို ပြောပါလေသည်။ ကျနော်က နား ထောင်သမားသက်သက်။

သူ တက္ကသိုလ်ကို ဆင်းဆင်းရဲရဲတက်ခဲ့ရပုံ ဘဝနာခဲ့ပုံတို့မှအစချီကာ နောက်ဆုံး တိမွေးကုဆရာဝန် တယောက် မဖြစ်ဖြစ်အောင်ကြိုး စားခဲ့ပုံတွေကို ပြောပြသည်။ သူ့လို ငယ်ဘဝက ဂုဏ်ဒြပ်မဲ့ခဲ့သူတ ယောက်အဖို့ အရာရာရှုံးနိမ့်ခဲ့ရမှုများအတွက် နိဂုံးချုပ်ချင်ပြီ၊ လူစေ့ တန်းစေ့မက ရှိချင်သည်။ ဂုဏ်ရှိ လျှင် ဓနတို့ဥစ္စာတို့က အလိုလိုယှဉ်တွဲဖက်အဖြစ် နောက်မှပါလာမြဲဟု သူမြင်သည်။

“မင်းကိုပြောခဲ့သလို ခေတ်စနစ်ကြီးပြောင်းဖို့အထိက ငါလဲ မတတ်နိုင်ဘူး သူငယ်ချင်း ဒီတော့ ..”

သူ တက္ကသိုလ်တက်နေစဉ်က ကျနော့်ဆီရေးသည့်စာများတွင် ခေတ်စနစ်ကြီး ပြောင်းလဲပစ်ပါမှ ကျနော်တို့လို လူတန်းစားများလည်း မည်သည့်ပညာရေးကိုမဆို တန်းတူညီတူ တက်နိုင်မည်ဟု သူ ပြောဖူးခဲ့သည်။ ဒါကို သူ မှတ်မှတ်ရရပြန်ပြောခြင်းဖြစ်၍ ကျနော် ကျေနပ်ရသည်။

ထိုစဉ် ကားကြီးတစီးက သူ့ခြံထဲသို့ မောင်းဝင်လာခဲ့သည့်အတွက် စကားကိုခေတ္တဖြတ်ထား၏။ သူ ထိုင်ရာမှထကာ ကားပေါ်ပါလာ သူတွေနှင့် စကားစမြည်ပြောသည်။

ညနေရီသည် အမှောင်ပျိုးစပြုလာပြီ။ နွေညနေခင်းဆိုသော်လည်း ပင်လယ်လေညင်းနုများက မြို့ လေးဆီသို့ တိုးဝှေ့ဝင်လာနေကြရာ အေးအေးမြမြ။ အပြင်ကိုမြင်နေရသည့် ပြတင်းဝမှလှမ်းကြည့် လျှင် မိုးသားပြာပြာတွင် တိမ်ခိုးဖြူတို့ တအိအိမျောလွင့်နေကြ၏။ အိပ်တန်းပြန်ငှက်ကလေးများ လေ ဟုန်နှင့်အတူ စီးခိုပျံသန်းလာနေ ကြသည်။

ကျနော်သည်လည်း အတိတ်ဆီသို့အတွေးများဆန့်တန်းကာ ခင်မောင်ထွန်းကို ပြန်မြင်နေမိသည်။ ထို အတွေးထဲမှာတော့ ကထိန်ပဒေသာပင်ကြေး ငွေ ၂ ကျပ်ကိုမပေးနိုင်၍ အတန်းပိုင်ဆရာမကို ပြန် တိုက်ပွဲဝင်နေသည့် လောကကြီး၏ပုံရိပ်ကို မြင်နေရ၏။

“ဒီလိုပဲသူငယ်ချင်း၊ စီးပွားရေးလုပ်ငန်းတွေကများတော့ ကိုယ်ခွဲပြီးလုပ်နေရတယ်”

သူဆိုလိုသည်ကိုကျနော်သိဖို့ စကားဆက်ပြန်သည်။ သူက တိရစ္ဆာန်ဆရာဝန်အဖြစ်သာမက ဇနီး ဘက်က မိဘများပေးသည့် ဆန်စက်လုပ်ငန်းအပြင် ပင်လယ်ထွက်ပစ္စည်းပွဲရုံတို့ကိုလည်း အာရုံစိုက်ရ၊ လယ်ဧကများစွာကိုလည်း အငှားချလုပ်ထားရတော့ စိတ်များသူ ဖြစ်နေရသည်။ အားလပ်သည်ဟူ၍ မရှိလှ။

“မင်းလိုစိတ်ကူးယဉ်နေနိုင်တဲ့ဘဝမျိုးက ငါ့မှာမရှိတော့ဘူးကွာ၊ ငါ့အလုပ်က ငါ့ဘဝပဲ၊ ဒါ အဓိကလေ၊ တကယ်တော့ လောကကြီးဟာ ကိုယ်ခူးမှကိုယ်ရတာကွ၊ ငါရတုန်းခူးမယ်၊ ခူးဖို့စိုက်မယ်၊ ခုဆို မင်းမြင်တဲ့အတိုင်း ငါ့ဘဝက အားလုံးပြီးနေပြီ၊ ငွေကွာ၊ ဓနကွာ၊ ဂုဏ်ကွာ၊ ဇနီးမယားသားသမီးကွာ၊ နောက်ဆုံး ငါ့အမေကို သူတခါမှမနေဘူးတဲ့ အခြေအနေနဲ့ထားနိုင်ပြီကွာ၊ အိုရေးသေရေး မပူရဘူး ကွာ။ ကိုင်း ဒါတွေထက် ဘာအရေးကြီးသေးလဲ”

လောကကြီးက ပြောရှိန်ရလာပြီ။ စကားပင် ထစ်ငေါ့နေခြင်းမရှိတော့ဘဲ တသွင်သွင်စီးခဲ့ပြီ။ သူ့မျက် လုံး အစုံမှာလည်း စူးစူးလဲ့လဲ့ အရောင်တောက်နေသည်ဟု ထင်ရ၏။

“လူဆိုတာ ကိုယ့်ဘဝကို ပြည့်စုံနေဖို့ တောင့်တင်းနေဖို့က အဓိကသူငယ်ချင်းရ၊ ငါတို့မိဘများက ဆင်း ရဲခဲ့တော့ ငါတို့ငယ်ငယ်တုန်းက လူတကာရဲ့နင်းဖတ် ဖြစ်ခဲ့တယ်မဟုတ်လား၊ ကိုယ့်ဘဝက အောက် တန်းကျနေတော့ ဟိုဟာအပြစ်မြင်၊ ဒီဟာ အပြစ်မြင်နဲ့ စွဲချက်တင်နေတာကိုးကွ ဟားဟား၊ လော ကကြီးကပဲ မျက်နှာလိုက်နေတော့သလိုလို ခေတ်စနစ်ကြီးကပဲ ပျက်စီးနေတော့သလိုလို၊ ဒီလို ရမယ် ရှာကြတာလေ၊ တကယ်က ကိုယ့် ကိုယ်ကို အဲဒီ့နွံ့ထဲက တနည်းနည်းနဲ့ရုန်းထွက်ဖို့ကြိုးစားရမှာ၊ ခု ငါ့ ဘဝကိုကြည့်သူငယ်ချင်း”

သူက တိရစ္ဆာန်ဆရာဝန်တဦးအဖြစ်လည်း ဂုဏ်ဒြပ်ရှိနေသလို စက်ဆန်သူဋ္ဌေး၊ လယ်ပိုင်ရှင်ယာ ပိုင်ရှင်ကြီး၊ ပြီးတော့ ပွဲရုံလုပ်ငန်းက လည်းရှိသေး။ မြို့လေး၏ကိုးကွယ်ရာတန်ခိုးကြီးဘုရားတွင်လည်း ဘုရားဒါယိကာ။

“မင်းတော့ ဘယ်လိုမြင်မယ်မသိဘူး၊ ကိုယ့်ဘဝက ပြီးနေပြီကွာ။ ဒါဟာ ဘဝရဲ့အန္တိမပဲလို့ဆိုဆို ကိုယ့် ဘဝက ပြီးနေပြီ၊ ကိုယ့်အတွက် တခြားအရာတွေအားလုံးက သိပ်လိုအပ်မယ်လို့ ငါတော့ မမြင်မိဘူး”

သူ စကားကိုခေတ္တဖြတ်ကာ ပြတင်းဘက်ဆီကြည့်လျက် ထိုစကားကိုပင် လေးလေးတွဲ့တွဲ့ထပ်ဆို သည်။

“ကိုယ့်ဘဝရိပ်မြုံက ပြည့်စုံနေပြီကွာ၊ ငါ ကျေနပ်ပြီ၊ ငါဘာတွေ ထပ်ကြိုးစားနေရအုံးမှာလဲ၊ ပြီးသွားပြီ သူငယ်ချင်း ဒါပါပဲ”

သူက စကားကိုနိဂုံးသတ်လိုက်သလိုပြောပြီး ကျနော့်ဆီ အကြည့်ရွေ့သည်။

“မင်းလဲ ဘဝကိုတည်ဆောက်ပါသူငယ်ချင်း၊ ကိုယ်မနိုင်တဲ့ဟာတွေတွေးရင် လောကကြီးက လေးပင် လှပါ တယ်ကွာ၊ ငါကြည့်ရတာ မင်းစိတ်က ငယ်ငယ်တုန်းကလို စိတ်ကူးယဉ်ဆန်ချင်တုန်းကိုး၊ ဒါကြောင့်လဲ မင်း ငါချိန်းတဲ့နေ့ကို သွားတာပေါ့၊ အင်း..ကျေးဇူးတော့ တင်တယ်ကွာ၊ ဒါပေမယ့် ဒါတွေ က ဘာမှအရေးမကြီးပါဘူး၊ ကတိတို့ဘာတို့ဆိုတာလဲ ပေးရမယ့်ဟာ တည်ရမယ့်ဟာမဟုတ်ရင် အ လေးအနက်မထားစေချင်ဘူး၊ ငါ့ကိုမှမဆို လိုပါဘူး၊ အရာအားလုံး၊ ကိစ္စအားလုံး”

သူက စကားကို တိခနဲဖြတ်၏။ ကျနော်တို့အကြည့်ချင်း ဆုံသည်။ ကျနော့်မှာ စကားများများပြောစရာ မရှိ။ ပြောချင်တာတခုကိုတော့ ပြုံးလျက်သာ ဆိုဖြစ်လိုက်၏။

“အေးကွာ၊ ငါက မင်းချိန်းထားခဲ့တဲ့နေ့က လွတ်လပ်ရေးနေ့ဖြစ်နေတော့ ခံစားမှုရှိတယ်လေ၊ ဒီအပေါ် အလေးအနက်ဖြစ်ခဲ့တယ်၊ ဒါ လွတ်လပ်ရေးဆိုတဲ့အပေါ် ငါ့ခံစားမှုပါသူငယ်ချင်း”

ဧည့်ခန်းမီး ဖြတ်ခနဲလင်းလာ၏။ ညဦးပိုင်းသို့ရောက်လာပြီ။ ခင်မောင်ထွန်းလည်း သူ့စကားကိုအနား သတ်ခဲ့ပြီးပြီ။ သူ့ရင်ထဲတွင် ပြော စရာတောင်ကျန်မည်မထင်တော့။ ရှိလည်းရှိတော့မည် မထင်တော့။

စင်စစ် အားလုံးက ပြီးနေပြီ၊ ပြီးသွားခဲ့ပြီ။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ဝေးကွာနေခဲ့ရသည့် လောကကြီး ခေါ် ခင်မောင်ထွန်းမှာလည်း သူ့စကားအဆုံးမှာပင် ကျနော့်ရင်ထဲ၌အပြီးသတ်သွားခဲ့ပြီ။ သူက ပြည့်စုံ ခြင်းများနှင့်အပြီး သတ်ခဲ့သလို ကျနော်က ထိုပြည့်စုံခြင်းများ အပေါ် မေးခွန်းများစွာတင်ကျန်လျက် အ ပြီးသတ်ခဲ့ခြင်းသာ ဖြစ်၏။

ထိုမေးခွန်းများက ခင်မောင်ထွန်းခေါ် ကျနော့်ငယ်သူငယ်ချင်း လောကကြီးပေါ်မှာတော့မဟုတ်။

လူ့လောကကြီးတခုလုံးကို မေးကြည့်ချင်သည်။ ကမ္ဘာလောကကြီးကို မေးကြည့်ချင်သည်။ ပြည့်စုံခြင်း အပြီးသတ်ခြင်းဆိုသည်တို့၏ အဓိပ္ပာယ်များ။ လူတို့၏အန္တိမ နိဂုံးများ။

ခင်မောင်ထွန်းအိမ်ကထွက်လာတော့ ပင်လယ်ကမ်းနီးမြို့ကလေးသည် လေထဲတွင် တရှဲရှဲမြည်နေ သည့် အုန်းပင်ဖျားမှ ရွက်ခတ်သံတို့အကြား နစ်ဝင်နေသလိုအောက်မေ့ရလေသည်။

ခင်လွန်း
ည- ၈း ၅ဝ နာရီ
ဇန်နဝါရီ(၁၂)ရက်၊၂ဝ၁ဝ
(မြောက်ဥက္ကလာပ အထက(၁) ကျောင်းတော်ကြီးမှ ငယ်ဆရာဆရာမများနှင့် သူငယ်ချင်းများသို့ အ မှတ်တရ)

http://www.naytthit.com မှ ...

4 Comments:

  1. ကိုချစ်ဖေ said...
    ကိုခင်လွန်း
    ပြီးနိုင်တဲ့ သူတွေက ပြီးသွားသလို.
    မပြီးနိုင်တဲ့ ကျနော်တို့တွေပဲ မပြီးနိုင်ပါ.
    လရောင်အောက်က ခုံတန်းလျားလေးမှာ ငယ်သူငယ်ချင်းအရင်းတွေနဲ့ အတူ ရင်းရင်းနှီးနှီး စကား
    လက်ဆုံကျရင်း ဟိုးတုန်းက ငယ်အကြောင်းတွေ ပြောချင်တယ်.ဒါပေမဲ့ တချို့က ပြောင်းသွားခဲ့ပြီ..
    ဘာမှလဲ မတတ်နိုင်တော့..
    Sint Si said...
    Thanks for sharing your story. It made me think of my friends. I met some of my friends frome college last year. We hadn't seen each other since 1987.
    thitkaungeain said...
    ကိုခင်လွန်းရေ
    စာလာဖတ်ပါတယ်ဗျ
    သတိတရ
    Unknown said...
    ဒီလောက်ထိခင်လာတဲ့ ဘ၀တူသူငယ်ချင်းတွေတောင် အဲလောက်စိမ်းကုန်ကြသတဲ့လား...ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး။ ကြိုက်တယ်။ ဖတ်လို့လည်း ကောင်းတယ်။ဒါမေယ့် ဇာတ်အိမ်က နည်းနည်းထွေနေသလိုပဲ

Post a Comment