စာမိတ်ဆွေများသို့..
ပို့စ်အသစ်မတင်ဖြစ်တာ ကြာခဲ့ပေါ့။ များမြောင်ထွေပြားလှ တဲ့ အမှုတွေထဲမြှုပ်ဝင်နေတဲ့ ဘ၀ဟာ တခါတခါ ကိုယ့်ကိုယ် ကိုယ်တောင် ပြန်မရနိုင်လောက်အောင် ခက်ခဲပင်ပန်းလှပါ ရဲ့။ အနုပညာပစ္စည်းလေးတခု ဖြစ်ဖို့အရေး အရည်ကျဲလှတဲ့ ကိုယ့်နဖူးစာပါရမီကိုပဲ မချင့်မရဲဖြစ်ရတော့တာ အကြိမ်ကြိမ် ပါ။ ကိုယ့်သိုက်ကိုယ်ပြန်ရှာရင်း ချစ်ခြင်းတရားဆီပြန်လာနိုင် တဲ့ နေ့များမှာတော့ ကျနော်ဟာ လူဖြစ်ရတဲ့ ဒုလ္လဘတရားကို ကျေနပ်လက်ခံနေမိပါလေတယ်။
ဒီကဗျာလေးဟာ အဲ့ဒီလို လူဖြစ်ရကျိုးနပ်ခဲ့တဲ့ နေ့တွေထဲက တခုပေါ့
ဖတ်ကြည့်ပါအဆွေ။ အားလုံးကိုကျေးဇူးတင်လျက် (ကဗျာရေးသူ)
ဆောင်းရဲ့ပုံတူ
နှင်းတွေထူထဲလိုက်တာ
ရှေ့ကိုဘာမှမမြင်ရဘူး...
ကလေးက ပြောတယ်
တောင်တန်းကြီးတွေမရှိတော့ဘူး
ရွာကိုပြန်ကြစို့လားအမိုးရယ်တဲ့
သောကကို
မီးဖိုထဲထိုးထည့်လို့
ကိုယ့်အပူကိုယ်ရှာကြရတဲ့ ဆောင်းမနက်များ
ခါတိုင်းနေ့တွေလို
မီးခိုးတအူအူ။
အမေက
နှင်းတွေဖုံးထားလို့
တောင်တွေမရှိတော့ပေမယ့်
တောစိမ်းစိမ်းကြီးတွေရှိနေသေးတယ်ဖိုးခွားရေ
ကလေးအတွေးထဲ
တောမီးတွေ တဖြောင်းဖြောင်းမြည်ကာ တညလုံးလောင်ကျွမ်းလို့
ဒုက္ခသည်စခန်းထဲမီးကူးမှာ ကြောက်နေတာလေ။
မနက်လင်းပြန်တော့
အမိုးရယ်
ဖိုးခွားရယ်
တောင်ကိုတက် တောကိုတိုးလို့
တနေ့တာ စားအိုးအရေး
ဟင်းစားလေးရှာရပေအုံးတော့မယ်။ ။
ခင်လွန်း
၁၂း၃၀ နာရီ
ဒီဇင်ဘာ၊(၁၁)ရက်၊၂၀၀၉
Phtot by: http://www.geoform.net/features/features_benjamin-2.html
Saturday, January 9, 2010
Labels: ကဗျာ
2 Comments:
Subscribe to:
Post Comments (Atom)
ဘာကိုမှ မမြင်ရဘူး
နှင်းတွေထူထဲလိုက်တာ
ဘာကိုမှ မမြင်ရဘူး
ဖိုးခွားနဲ့ အမိုး တို့ရဲ့ နေစဉ်ဘ၀လေးက ရင်ာစရာ
ပြီးတော့ ထူထဲတဲံ့ နှင်းတွေရဲ့ နမိတ်အကြောင်းဆက်တွေးနေမိပြန်ရာ..