လမ်း ... ကြည့်စမ်းပ လရောင်မဲ့လျှ ကြယ်စပျပျမှုန်ရီထဲ အေးခဲလွန် ပူပြင်းလွန် မိုးမည်းသွန်ကြဲ မုန်တိုင်းမစဲ တိုးရှဲလျှောက်လှမ်းနေဆဲမှာပင်။
စပျစ်သီးကိုချဉ်ပစ်လိုက်ချင်သူတွေက ပဲဝက်ပညာစွယ်ရောင်ပြ “ ခက်ပ ... ဒီဟာလည်း လမ်းပါပဲ ငါးမရလည်း ရေချိုးလိုက်ကြရုံသာ ” တဲ့။
| ခြေဖနောင့်တို့ကို တိုအောင်ဖြတ် ဖိနပ်သစ် ကိုစီးချင်ကြသူများ ဈေးကွက်ကြားမှာ ခြေချင်းထပ် ပွဲခစပ်နေကြပုံများ။
ခြုံထွင်တတ်သူ မုဆိုးကတော့ ယုန်ကောင်ရေကိုခွဲတမ်းချ ပွဲတော်ည ကိုစိတ်ကူးရင်း သီချုင်းတပုဒ်ကို ဆိုငြီးလို့။
ဝင်စို့ထွက်စို့ အညှို့မခံသူတို့သာ ကန္တာရ ခရီးလမ်းအဆုံး ရွာပုန်းလေး တရွာလောက်များ မှုန်ဝါးဝါးတွေးဆ ညတာရှည်နေကြဆဲကာလ။ ။
(စိုးနေလင်း)
|