Sunday, May 1, 2011



ဒီနှစ်မှာ
သားလေး ဂျင်ပေါက်တတ်ပြီ

ဂျင်ဟာ လေထဲမှာ ဝဲပျံလာရာက
သူ့ခြေရင်းမှာ မွှတ်နေအောင်လည်ရင်း
အသုံးတော်ခံနေရသလိုပေါ့


ဂျင်ပေါ်က ဆေးစက်က အပြာရောင်
ဂျင်ကြိုးကိုကိုင်ထားရင်းက
နောက်တကြိမ် ဂျင်လည်အောင်ပေါက်ဖို့
စိတ်စောနေတဲ့မျက်လုံးကနက်မှောင်
မနှစ်ကဆို သူ့ခမျာ
ဂျင်ကြိုးမပတ်တတ်လို့
လူတကာကိုအပူကပ်ခဲ့ရ
ဂျင်ကိုလည်း “ကျင်ကလေး” “ကျင်ကလေး” တဲ့
စကား မပီရှာသေးဘူး
ပြီးတော့လည်း
ဒီဂျင်ကလေးလည်ဖို့
မိန်းမထိုး ထိုးတော့တာပဲ
ဒါတောင်
ဂျင်က မိုးပေါ်ထောင် ပြောင်းပြန်လည်သေး
အချိန်တန်တော့လည်း
သူ့ဟာနဲ့ သူ့အထာနဲ့
သားလေးဟာ
ဂျင်ပေါက်သမား ဖြစ်သွားတော့တာပါပဲ

တခုရှိတာက
ဂျင်သမားပေမယ့်
ဂျင်ဂျင်လည်ပေအုံးမှပဲ
စည်းဝိုင်းထဲမှာလည်မှာလား
စည်းအပြင်မှာလည်မှာလား
ဘာပဲဖြစ်ဖြစ် ဂျင်မှန်ရင်
ခံဘက်ကချည်းပဲလည်းမဟုတ်
နှံဘက်ကချည်းပဲလည်းမဟုတ်

လောကကြီးရေ
သားလေးဟာ သူ့ဂျင်ကြိုးကိုတင်းတင်းပတ်ပြီး
အားကုန်လွှဲပေါက်ပစ်တော့မှာ …။ ။

ခင်လွန်း
ဧပြီ၊ ၁၄၊ ၂၀၁၁
ညနေ- ၃း၄၅ နာရီ

မြန်မာ့နှစ်သစ်ကူး ဧပြီလ ၁၇ ရက်နေ့က အသက် ၈ နှစ် ပြည့်သွားပြီဖြစ်တဲ့ သားငယ် ဂူးဂူးနဲ့ ကျနော်တို့များရဲ့ မျိုးဆက်သစ်များ သို့ …

သရုပ်ဖော် - အောင်ထက်

2 Comments:

  1. Atta Rehman said...
    Incidentally, I like the way you have structured your site, it is super and very easy to follow. I have bookmarked you and will be back regularly. Thank you
    security equipment
    Unknown said...
    I love the blog. Great post. It is very true, people must learn how to learn before they can learn.
    advertising | top advertising agencies in Pakistan | Marketing Agency | Advertisement

Post a Comment