| 
  ထောင်နန်းစံ ရ အောင်
 ထောင်ဖမ်းကာ အမှု အလီလီဆင် လို့
 အာဏာရှင် ထင်ရာစိုင်းပုံ က
 ရာဇဝင် စာတင်အောင် ရိုင်းပြီ မို့
 အတိုင်းတိုင်း အနယ်နယ်မှာ
 ကိုင်း - ကြားလို့မှ  မဖွယ်မရာ ...၊၊
 
 အောင်ဆန်းစုကြည် - ဆိုတာ
 အောင်လမ်း ရှု့ချီ ရာ  လတမင်း ပေမို့
 လမင်းကို တိမ်အို ဖုံး သော်လဲ
 တိမ်ဖုံးပေမဲ့  သာ မြဲ သာ ...  ၊၊
 
 
 
 | နအဖ ဆိုတာ ကလိမ်ယုတ်တွေ မို့
 တိမ်ပုပ် ကနေ  မှောင်မဲရင်းသာပါ့
 အိမ်ချုပ် ကနေ   ထောင်ထဲသွင်းပါ လို့
 လမင်းကို  ထောင်ဒဏ်ချ ပေမဲ့
 သံတိုင်ကြားက  လရောင်ဟာ
 အုတ်ရိုးကြားက လရောင်ဟာ
 တဖြာဖြာနဲ့  ဝင်းပရင်း ...
 ကမ္ဘာကပါ   မြင်ရ ရင်း ... ၊၊
 
 ကြယ်နီ တို့ -
 ကြယ်ဝါ တို့ -
 ကြယ်ဖြူ တို့ -
 ကြယ်စင်တို့ ရေ ...
 အမှောင်တွေကို တကယ်မုန်းရင် ဖြင့် -
 စုရုံးကာ ပိုင်ရာအလင်းတွေ နဲ့
 လမင်းအနား အတူယှဉ် လို့
 ဒီ ကောင်းကင်  ကြည်စင်သစ်ရ အောင်
 တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ် တို့ကို
 တောထုတ် ဖြို ခွင်း ...
 ( ကိုင်း - ) ပြ ကြ အလင်း ... ၊၊       ၊၊
 
 ( ဝင်းတင့်ထွန်း )
 ၂၇-၅-၂ဝဝ၉ | 
ဖတ်ရှု ဦးညွှတ်သွားပါတယ် ခင်ဗျာ။